COVID-19 Positive လူနာများ တစ်နေ့တခြား များပြားလာခြင်းကြောင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ဆွေးနွေးတိုင်ပင် ကာ ယာယီ Quarantine Center တစ်ခုကို သုဝဏ္ဏမြက်ခင်းတုအားကစားကွင်းတွင် ငါးရက်အတွင်း အပြီးတည် ဆောက်လျက်ရှိကြောင်း သိရသည်။
ယင်း Quarantine Center တွင် လာရောက် တာဝန်ထမ်းဆောင်ကြမည့် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများ အားလုံး၏ နေထိုင်စား သောက်ရေး ကိစ္စအဝဝကိုလည်း စီမံ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
''ပထမအဆင့်အနေနဲ့ လူ ၂ဝဝ ထားရှိနိုင်ဖို့ ဆောင်ရွက်နေတာဖြစ်ပြီး လူဦးရေ ၄ဝဝအထိ တိုးချဲ့ထားရှိနိုင်ဖို့ ကိုလည်း အစီအစဉ်ရေးဆွဲ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်''ဟု ဦးဇော်ဇော်က ပြောသည်။
ကျန်းမာရေး စောင့်ရှောက်မှုနှင့် ကုသရေးကိစ္စ အဝဝကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆောင်ရွက် သွားမည်ဖြစ်ကာ တည်ဆောက်ရေး၊ နေရေးထိုင်ရေးနှင့် နေ့စဉ်အစားအ သောက်အတွက် ကုန်ကျစရိတ်များကိုမူ ဦးဇော်ဇော်၏ ဧရာဝတီဖောင်ဒေးရှင်း က ကျခံပေးသွားမည်ဟု သိရသည်။
















