သန်လျင်တံတားပေါ်မှ အမျိုးသား တစ်ဦးခုန်ချသည်ဟု ယူဆသဖြင့် ကယ်ဆယ်ရေးအဖွဲ့ ကရှာဖွေနေ

သန်လျင်တံတားပေါ်မှ အမျိုးသား တစ်ဦးခုန်ချသည်ဟု ယူဆသဖြင့် ကယ်ဆယ်ရေးအဖွဲ့ ကရှာဖွေနေ

သန်လျင်တံတားပေါ်မှ အမျိုးသား တစ်ဦးခုန်ချခဲ့သည်ဟု ယူဆသဖြင့် ကယ်ဆယ်ရေးအဖွဲ့ ကရှာဖွေလျက်ရှိကြောင်း စက်တင်ဘာ ၁၃ ရက်နေ့က ရဲတပ်ဖွဲ့မှသိရသည်။

စက်တင်ဘာ ၁၃ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့်တွင် သန်လျင်မြို့နယ်သန်လျင်တံတားရေတိုင်အမှတ်(၄/၅)ကြားတွင် ဖိနပ်တစ်ရံ၊သားရေလွယ်အိပ်တစ်လုံး၊လက်ကိုင်ဖုန်းတစ်လုံး၊ယာဉ်မောင်းလိုင်စင်တစ်ခု၊ငွေစက္ကူရောရာ(၁၄၅၀)ကျပ်တို့ကို တံတားလုံခြုံရေးအဖွဲ့မှတွေ့ရှိသဖြင့် ရဲတပ်ဖွဲ့သို့အကြောင်းကြားခဲ့သည်။

ယာဥ်မောင်းလိုင်စင်ကတ် အရ ခုန်ချသူမှာ ၊သန်လျင်မြို့နယ် ၊ အောင်မင်္ဂလာ ရပ်ကွက်နေ ကိုအောင်ကျော်ထွန်း အသက်(၃၀)နှစ်၊ဖြစ်ကြောင်းသိရသဖြင့် မိသားစုကို ဆက်သွယ် အကြောင်းကြားခဲ့သည်။

ရေထဲခုန်ချသူအမျိုးသားကို တောင်ပိုင်းခရိုင်မီးသတ်တပ်ဖွဲ့မှူး ဦးကျော်လွင်ဦးနှင့်မီးသတ်ဖွဲ့တပ်ဖွဲ့ဝင်များကရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေကြောင်းသိရသည်။

တံတားပေါ်မှခုန်ချသည်ဟုယူဆရသူ အမျိုးသား၏မိသားစုများထံသို့ သိမ်းဆည်းရမိသည့်ပစ္စည်းများ အပ်နှံခဲ့ပြီးသန်လျင်မြို့မရဲစခန်းက လူပျောက်အမှတ် ၈ /၂၀၂၀ အရ အမှု့ဖွင့်စစ်ဆေးလျက်ရှိသည်။