ယူအက်စ်အိုးပင်း ချန်ပီယံဆု ဂျပန်တင်းနစ်မယ် အိုဆာကာပိုင်ဆိုင်

ယူအက်စ်အိုးပင်း ချန်ပီယံဆု ဂျပန်တင်းနစ်မယ် အိုဆာကာပိုင်ဆိုင်

ဂျပန်တင်းနစ်မယ် အိုဆာကာသည် စက်တင်ဘာ ၁၂ ရက်ကယှဉ်ပြိုင်ခဲ့သော ၂ဝ၂ဝ ယူအက်စ်အိုးပင်း အမျိုးသမီးတစ်ဦးချင်း တင်းနစ်ဗိုလ်လုပွဲတွင် ဆီဒင်သတ်မှတ်ခြင်း မခံရသော ဘီလာရုစ်တင်းနစ်မယ် အဇာရန်ကာကို ၁-၆၊ ၆-၃၊ ၆-၃ ဖြင့်အနိုင်ရပြီး ချန်ပီယံဆုပိုင်ဆိုင်ခဲ့ကြောင်း သိရသည်။

အသက်(၂၂)နှစ်အရွယ် အိုဆာကာသည် ၂ဝ၁၈ ယူအက်စ်အိုးပင်းနှင့် ၂ဝ၁၉ သြစတြေးလျအိုးပင်းချန်ပီယံ ဆုများကို ဆွတ်ခူးခဲ့ပြီးနောက် ယခုတစ်ကြိမ်ဆုထပ်ရခဲ့ ခြင်းဖြစ်သည်။

၎င်းအတွက် အမှန်တကယ်ခက်ခဲသောပွဲ ဖြစ်ခဲ့ဟု အိုဆာကာက ဗိုလ်လုပွဲအပြီး ပြောကြားခဲ့သည်။ အိုဆာကာနှင့် အဇာရန်ကာတို့၏ ဗိုလ်လုပွဲမှာ တစ်နာရီ ၅၃ မိနစ်အထိကြာမြင့်ခဲ့သည်။
 

ပြည့်ဖြိုး ဘာသာပြန်သည်။



ဖတ်ရှုမှုအများဆုံး