လိဒ်အား ခက်ခက်ခဲခဲကစားခဲ့ရပြီး လေးဂိုး သုံးဂိုးဖြင့် လီဗာပူးနိုင် ဝိန်းရွန်နီ၏စံချိန်ကို ဟက်ထရစ်ရခဲ့သူ ဆာလက်ချ် ချိုးဖျက်

လိဒ်အား ခက်ခက်ခဲခဲကစားခဲ့ရပြီး လေးဂိုး သုံးဂိုးဖြင့် လီဗာပူးနိုင် ဝိန်းရွန်နီ၏စံချိန်ကို ဟက်ထရစ်ရခဲ့သူ ဆာလက်ချ် ချိုးဖျက်

ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ လီဗာ ပူးသည် စက်တင်ဘာ ၁၂ ရက်က အန် ဖီးလ်၌ ပရီးမီးယားလိဂ်ပွဲစဉ်(၁)အဖြစ် တန်းတက်လိဒ်ယူနိုက်တက်နှင့် ယှဉ်ပြိုင်ခဲ့ ရာ ခက်ခက်ခဲခဲကစားခဲ့ရပြီး လေးဂိုး သုံးဂိုး ဖြင့်အနိုင်ရခဲ့ကြောင်း သိရသည်။

လီဗာပူးတိုက်စစ်၌ ဖာမီနို၊ ဆာလက်ချ် နှင့် မာနေးတို့ဦးဆောင်ခဲ့ပြီး ကွင်းလယ်တွင် ဒဏ်ရာနာလန်ထ အသင်းခေါင်းဆောင် ဟန်ဒါဆန်အပါအဝင် ကီတာနှင့် ဝစ်နယ် ဒန်တို့ပါဝင်ခဲ့သည်။ လိဒ်ယူနိုက်တက်မှာ ၄-၁-၄-၁ ကစားကွက်ဖြင့် လီဗာပူးအား ရင်ဆိုင်ခဲ့ပြီး အခက်တွေ့စေခဲ့သည်။ လီဗာ ပူးသည် ၄ မိနစ်၌ လိဒ်ကစားသမား၏ လက်ထိဘောကြောင့် ပင်နယ်တီရခဲ့ရာ ဆာလက်ချ်က သွင်းယူခဲ့သည်။ လိဒ်သည် ၁၂ မိနစ်၌ ချေပဂိုးပြန်ပေးခဲ့ရပြီး လီဗာပူး အတွက် ဒုတိယဂိုးကို ဗန်ဒိုက်က မိနစ် ၂ဝ တွင်သွင်းယူခဲ့သည်။

လိဒ်သည် မိနစ် ၃ဝ တွင်ပြန်ချေပနိုင် ခဲ့ပြီး ပွဲချိန် ၃၃ မိနစ်၌ ဆာလက်ချ်၏သွင်း ဂိုးကိုလည်း ၆၆ မိနစ်အရောက် ချေပခဲ့၍ သုံးဂိုးစီသရေကျနေခဲ့သည်။ လီဗာပူးအတွက် အနိုင်ဂိုးကို ဆာလက်ချ်ကပင် ၎င်း၏ဟက် ထရစ်အဖြစ် ပွဲချိန် ၈၈ မိနစ်၌ ပင်နယ်တီမှ သွင်းပေးခဲ့၍ လေးဂိုး သုံးဂိုးဖြင့်နိုင်ခဲ့သည်။

အသက်(၂၈)နှစ်အရွယ် အီဂျစ်တောင်ပံ တိုက်စစ်မှူးဆာလက်ချ်သည် အင်္ဂလန်နှင့် မန်ယူတိုက်စစ်မှူးဟောင်းဝိန်းရွန်နီ၏ ပရီး မီးယားလိဂ်စံချိန်တစ်ခုကို တစ်ပွဲအသာ ဖြင့် ချိုးဖျက်နိုင်ခဲ့သည်။ ရွန်နီသည် မန်ယူ၌ ကစားခဲ့စဉ် ၂ဝဝ၈ စက်တင်ဘာမှ ၂ဝ၁၁ ဖေဖော်ဝါရီအထိ ၎င်းဂိုးသွင်းယူနိုင်ခဲ့သော ပွဲများတွင် နိုင်ပွဲဆက်ခဲ့သည်မှာ ၃၄ ပွဲ အထိရှိခဲ့ရာ ယခုအခါ ဆာလက်ချ်က ၃၅ ပွဲဖြင့် ပရီးမီးယားလိဂ်စံချိန်သစ် စိုက်ထူ ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဆာလက်ချ်သည် မန်ယူတိုက်စစ်မှူးဟောင်း ရှာရင်ဂမ်ပြီး နောက် ပရီးမီးယားလိဂ်လေးရာသီဆက် အဖွင့်ပွဲ၌ဂိုးသွင်းနိုင်သော ပထမဆုံးလီဗာပူး ကစားသမားဖြစ်ခဲ့သည်။ ဆာလက်ချ်သည် ၁၉၈၈ ခုနှစ်က လီဗာပူးဂန္ထဝင်ကစားသမား ဟောင်း ဂျွန်အယ်ဒရစ်ပြီးနောက် ပရီးမီး ယားလိဂ်အဖွင့်ပွဲတွင် ဟက်ထရစ်ရသော ပထမဆုံး လီဗာပူးကစားသမားဖြစ်ခဲ့သည်။ သုံးဂိုးပေးခဲ့ရ၍ အသင်းခြေစွမ်းတိုးတက်ရန် လိုအပ်နေသေးကြောင်း ဆာလက်ချ်ကပြော သည်။ လီဗာပူးသည် လာမည့်စက်တင်ဘာ ၂ဝ ရက်၌ ပွဲစဉ်(၂)အဖြစ် ချယ်လ်ဆီးကွင်း သို့သွားရောက်ကစားရမည်ဖြစ်သည်။

 

ပြည့်ဖြိုး ဘာသာပြန်သည်။



ဖတ်ရှုမှုအများဆုံး