ကစားသမားသစ် ဝီလျံ၏ခြေစွမ်းပြမှုနှင့်အတူ ဖူလ်ဟမ်အား အာဆင်နယ် သုံးဂိုးပြတ်အနိုင်ရ

ကစားသမားသစ် ဝီလျံ၏ခြေစွမ်းပြမှုနှင့်အတူ ဖူလ်ဟမ်အား အာဆင်နယ် သုံးဂိုးပြတ်အနိုင်ရ

အာဆင်နယ်သည် စက်တင်ဘာ ၁၂ ရက်က ပရီးမီးယားလိဂ်ပွဲစဉ်(၁)အဖြစ် ဖူလ်ဟမ် ကွင်းသို့သွားရောက်ကစားခဲ့ရာ ကစားသမားသစ် ဝီလျံ၏ ခြေစွမ်းပြမှုနှင့်အတူ သုံးဂိုးပြတ် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

အာဆင်နယ်ပွဲထွက်လူစာရင်းတွင် လာကာဇက်တီ၊ အော်ဘာမီယန်၊ ဝီလျံ၊ ဇာကာနှင့် အယ်နီနီတို့ပါဝင်ခဲ့ပြီး ဖူလ်ဟမ် တိုက်စစ်ကို ကာမာရာ ဦးဆောင်ခဲ့သည်။ အာဆင်နယ်သည် ၈ မိနစ်၌ပင်ဂိုးရခဲ့ပြီး လာကာဇက်တီက သွင်းယူခဲ့သည်။ ချယ်လ်ဆီးမှပြောင်းရွှေ့ခဲ့သော ဘရာဇီးသား ဝီလျံသည် ၄၉ မိနစ်တွင် ဂါဘရီရယ်ဂိုးသွင်းနိုင်ရန် ဖန်တီးပေးခဲ့ပြီး ၅၇ မိနစ်၌လည်း အော်ဘာမီယန်ဂိုးသွင်းယူနိုင်ရန်လည်း ဖန်တီးပေးခဲ့သည်။

အာဆင်နယ်နည်းပြ အာတီတာက လေ့ကျင့်ရေးကွင်းတွင် ပြုလုပ်နိုင်ခဲ့သည့်အတိုင်း စွမ်းအားပြည့် ကစားနိုင်ခဲ့ကြောင်း၊ ကစားသမားများအားလုံးမှာ အမှန်တကယ်ကြိုးစားခဲ့ကြောင်း ပွဲအပြီး၌ပြောကြားခဲ့သည်။ တန်းတက်ဖူလ်ဟမ်အသင်းနည်းပြ စကော့ပါကားက နေရာအလိုက်တိုးတက်မှုရှိစေရန်အတွက် ကစားသမား သစ်များခေါ်ယူရန် လိုအပ်နေကြောင်း ဖွင့်ဟခဲ့သည်။

ပြည့်ဖြိုး ဘာသာပြန်သည်။



ဖတ်ရှုမှုအများဆုံး