ဂျင်နက်စတစ်အား သုံးဂိုး တစ်ဂိုးဖြင့်အနိုင်ရခဲ့သော ခြေစမ်းပွဲ၌ ဘာစီလိုနာအသင်းအတွက် တိုက်စစ်မှူးမက်ဆီ ပါဝင်ကစား

ဂျင်နက်စတစ်အား သုံးဂိုး တစ်ဂိုးဖြင့်အနိုင်ရခဲ့သော ခြေစမ်းပွဲ၌ ဘာစီလိုနာအသင်းအတွက် တိုက်စစ်မှူးမက်ဆီ ပါဝင်ကစား

ဘာစီလိုနာသည် စက်တင်ဘာ ၁၂ ရက်က စပိန်အသင်းငယ် ဂျင်နက် စတစ်နှင့် ခြေစမ်းပွဲကစားခဲ့ရာ အများ ၏အာရုံစိုက်ခြင်းခံနေရသော အာဂျင် တီးနားတိုက်စစ်မှူး လီယွန်နယ်မက်ဆီ ပါဝင်ကစားခဲ့ပြီး သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။

ဂျင်နက် စတစ်နှင့်ကစားခဲ့သောပွဲမှာ ဘာစီလိုနာ နည်းပြသစ် ရော်နယ်ကိုးမန်း၏ ပထမ ဆုံးပွဲဖြစ်ပြီး ၄-၂-၃-၁ ကစားကွက်ကို အသုံးပြုခဲ့သည်။ ကိုးမန်း၏ပွဲထွက် လူစာရင်းတွင် ဆွာရက်ဇ်နှင့် ဗီဒယ်တို့ ပါဝင်ခဲ့ခြင်းမရှိဘဲ မက်ဆီ၊ ဂရစ်ဇ်မန်း၊ ဒမ်ဘီလီ၊ ဘက်စ်ကွက်စ်၊ ပီဒရီ၊ အယ် လီနာ၊ ဆာဂျီရောဘတ်တို၊ လန်ဂလက်၊ ပီကေး၊ အယ်လ်ဘာနှင့် ဂိုးသမားနီတို တို့ပါဝင်ခဲ့သည်။

ဘာစီလိုနာအသင်းက မက်ဆီမှာ အသင်းခေါင်းဆောင်အဖြစ် ဆက် လက်တာဝန်ယူရမည်ဟု အတည်ပြု ခဲ့ပြီးနောက် အာဂျင်တီးနားတိုက်စစ် မှူးမှာ ခြေစမ်းပွဲတွင်ပါဝင်လာခဲ့ခြင်း ဖြစ်သည်။ မက်ဆီသည် ဂျင်နက်စတစ် နှင့်ပွဲတွင် ပထမပိုင်းသာ ပါဝင်ကစား ခဲ့ကြောင်း သိရသည်။ မက်ဆီသည် အပြောင်းအရွှေ့ ဈေးကွက်အတွင်း အသင်းပြောင်းရွှေ့ရန် တောင်းဆိုခဲ့သူ ဖြစ်ပြီး အသင်းနှင့်တရားရင်မဆိုင်လို၍ ဆက်နေရန် ဆုံးဖြတ်ခဲ့သူဖြစ်သည်။

ဘာစီလိုနာအတွက်ဂိုးများကို ပြင် သစ်တောင်ပံတိုက်စစ်မှူး ဒမ်ဘီလီ အပါအဝင် ဂရစ်ဇ်မန်းနှင့် ကော်တင်ဟို တို့က သွင်းယူပေးခဲ့သည်။ ကော်တင်ဟို သည် အသင်းအတွက်ဂိုးကို ပင်နယ် တီမှတစ်ဆင့် သွင်းယူခဲ့ခြင်းလည်း ဖြစ်သည်။

ဘာစီလိုနာနည်းပြကိုးမန်းသည် ဂျင်နက်စတစ်နှင့်ခြေစမ်းပွဲ၌ လူငယ် ကစားသမားများကိုလည်း အသုံးပြု ခဲ့သည်။ ဘာစီလိုနာသည် လာမည့် စက်တင်ဘာ ၁၆ ရက်တွင် စပိန်ကလပ် ဂျီရိုနာနှင့် ထပ်မံခြေစမ်းဦးမည်ဖြစ် သည်။ ဘာစီလိုနာသည် စက်တင်ဘာ ၂၇ ရက်၌မူ လာလီဂါအဖွင့်ပွဲအဖြစ် ဗီလာရီးရဲလ်နှင့် ကစားရမည်ဖြစ်သည်။

ပြည့်ဖြိုး ဘာသာပြန်သည်။



ဖတ်ရှုမှုအများဆုံး