အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ

အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ

အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီသည် ကိုရို နာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် လက်ရှိတွင် အိမ်၌သီးခြား နေထိုင်နေရကြောင်း သိရသည်။

အက်သလက်တီကိုသည် ဘောလုံးရာသီသစ်မစမီ စက်တင်ဘာ ၁၅ ရက်၌ ကာဒစ်ဇ် နှင့်ခြေစမ်းရန် စီစဉ်ထားပြီး စက်တင်ဘာ ၁၁ ရက်ကမူ အသင်းရှိလူများကို ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးခဲ့ရာ နည်းပြ ဆီမြွန်နီမှာ ဗိုင်းရပ်စ်ထိခဲ့ခြင်းဖြစ်သည်။

''ဒီယေဂိုပါဘလို ဆီမြွန်နီကို COVID-19 စစ်ဆေးခဲ့ ရာမှာ Positive အဖြေထွက်ခဲ့ပါတယ်။ သူ့မှာ ဘာရောဂါ လက္ခဏာမှမပြပါဘူး။ အခုဆိုရင် အိမ်မှာသီးခြားနေထိုင် နေပါတယ်''ဟု အက်သလက်တီကိုအသင်းက ထုတ်ပြန် ခဲ့သည်။ အက်သလက်တီကိုကစားသမားနှစ်ဦးဖြစ်သော တိုက်စစ်မှူး ဒီယေဂိုကော်စတာနှင့် ညာနောက်ခံလူ အာရီ ယက်စ်တို့မှာလည်း ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီး ဖြစ်သည်။

ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီ၌လည်း ကစားသမား အချို့ Covid-19 ကူးစက်မှုခံခဲ့ရသည်။ ဗိုင်းရပ်စ်ကူးစက် မှုခံခဲ့ရသော တိုက်စစ်မှူးနေမာနှင့် မန်ယူမှပေါ့ဘာတို့မှာမူ Negative အဖြေပြန်ထွက်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုး ဘာသာပြန်သည်။



ဖတ်ရှုမှုအများဆုံး