စစ်ကိုင်း ဘော်ဂါကျောက်စိမ်းပုတီးဝိုင်း ရောင်းဝယ်ရေးစခန်းကို ယာယီပိတ်သိမ်း

စစ်ကိုင်း ဘော်ဂါကျောက်စိမ်းပုတီးဝိုင်း ရောင်းဝယ်ရေးစခန်းကို ယာယီပိတ်သိမ်း

စစ်ကိုင်းမြို့ရှိ ဘော်ဂါကျောက်စိမ်း ပုတီးဝိုင်းကို COVID -၁၉ ကာကွယ် ထိန်းချုပ်သည့်အနေဖြင့် စက်တင် ဘာ ၁၃ ရက်မှ စတင်၍ ယာယီပိတ် သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

ဘော်ဂါကျောက်စိမ်းပုတီးဝိုင်းမှာ ကျောက်စိမ်းအရည်နိမ့် အသားကျောက် နှင့် လက်ကောက်လွှာချပ် ပယ်သားများ အား စစ်ကိုင်းမြို့ပေါ်ရပ်ကွက်များရှိ ကျောက်စိမ်းပုတီးစေ့လုပ်ငန်းများမှ ကျောက်ဖြတ်၊ ပုတီးစေ့အချောကိုင်လုပ်ငန်းများအဖြစ် လုပ်ကိုင်ကြပြီး ဘော်ဂါရပ်ကွက်ရှိ ကျောက်စိမ်းပုတီး စေ့ ရောင်းဝယ်ရေးဈေးတန်းမှာ နေ့စဉ် လာရောက်ခင်းကျင်းပြသရောင်းချ သည့်ဈေးတန်းဖြစ်သည်။

''စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ဘော်ဂါကျောက်စိမ်းပုတီးဝိုင်း ကို ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်တဲ့ အနေနဲ့ ယာယီပိတ်သိမ်းဖို့ ညွှန်ကြား ပါတယ်။ စစ်ကိုင်းမြို့နယ်အုပ်ချုပ် ရေးမှူးက စက်တင်ဘာ ၁၂ ရက်မှာ ဒီကိစ္စ ကျွန်တော့်ဆီကို အကြောင်း ကြားပါတယ်။ ဘော်ဂါကျောက်ဝိုင်းနဲ့ အခြား ဘယ်နေရာမှကျောက်အရောင်း အဝယ်မလုပ်ဖို့၊ ယာယီပိတ်သိမ်းဖို့ ပြောတာကြောင့်စက်တင်ဘာ ၁၃ ရက်ကစတင်ပြီး ယာယီပိတ်သိမ်းတာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရရဲ့ ခွင့်ပြုမိန့်ရမှ ပြန်ဖွင့်နိုင်မှာ ပါ''ဟု ဘော်ဂါကျောက်ပုတီးဝိုင်း အကျိုးတော်ဆောင်အဖွဲ့မှ ဦးအောင် စိုးမိုးကပြောသည်။

လှိုင်ထွေးအောင် ဘာသာပြန်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး