ကမ္ဘာတစ်ဝန်း စက်တင်ဘာ ၁၃ ရက်တွင် COVID-19 ကူးစက်သူသစ် ၃၀၇၀၀၀ ဦးဖြင့် စံချိန်တင်ရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ခဲ့ သည်။
အိန္ဒိယ၊ အမေရိကန်ပြည်ထောင်စုနှင့် ဘရာဇီးတို့၌ ကူးစက်သူသစ်အများဆုံးရှိခဲ့ကြောင်း အဖွဲ့၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ကမ္ဘာတစ်ဝန်း စက်တင်ဘာ ၁၃ ရက်တွင် COVID-19 ဖြင့် သေဆုံးသူသစ် ၅၅၃၇ ဦးရှိခဲ့သောကြောင့် သေဆုံးသူ ၉၁၇၄၁၇ ဦးရှိနေပြီဖြစ်သည်။
အိန္ဒိယ၌ စက်တင်ဘာ ၁၃ ရက်တွင် COVID-19 ကူးစက်သူသစ် ၉၄၃၇၂ ဦးရှိပြီး အမေရိကန်တွင် ၄၅၅၂၃ ဦးရှိကာ ဘရာဇီးတွင် ၄၃၇၁၈ ဦး ရှိခဲ့သည်။ သေဆုံးသူဦးရေတွင် အမေရိကန်နှင့် အိန္ဒိယတို့၌ ၁၀၀၀ ကျော်စီရှိခဲ့ပြီး ဘရာဇီး၌ ၈၇၄ ဦး ရှိခဲ့သည်။
ကမ္ဘာပေါ်တွင် တစ်ရက်အတွင်း စံချိန်တင်အများဆုံးရှိခဲ့သော ကူးစက်သူသစ်ဦး ရေမှာ စက်တင်ဘာလ ၆ ရက်နေ့တွင် ၃၀၆၈၅၇ ဦးဖြစ်ပြီး စံချိန်တင်သေဆုံးမှုမှာ ဧပြီလ ၁၇ ရက်တွင် ၁၂၄၃၀ ဦးရှိခဲ့ခြင်းဖြစ်ကြောင်း WHO ၏စာရင်းအင်းများအရသိရသည်။
COVID-19 ကူးစက်မှုများသည် အာဂျင်တီးနား၊ အင်ဒိုနီးရှား၊ မော်ရို ကို၊ စပိန်နှင့် ယူကရိန်းတို့အပါအဝင် နိုင်ငံပေါင်း ၅၈ နိုင်ငံ၌ ဆက်လက်မြင့်တက်နေဆဲ ဖြစ်ကြောင်း ရိုက်တာ၏ စာရင်းအင်းများအရ သိရသည်။

















