ရခိုင်ပြည်နယ် စစ်တွေမြို့ လမ်းမတော်တောင်ရပ်ကွက်၊ စစ်တွေမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ရုံး၌ စစ်တွေမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ရေးကာလ၌ ကူညီပါဝင်နေသူများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားတစ်ခု ကို စက်တင်ဘာ ၁၄ ရက် နံနက် ၁၁ နာရီက ပြုလုပ်ခဲ့သည်။
စစ်တွေမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အင်တိုက်အားတိုက် ဆောင်ရွက်ပေး နေခြင်းနှင့် စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးမှ ကိုဗစ်ရောဂါအတည်ပြု လူနာများဆေးရုံ မှဆင်းကြရချိန်တွင် ကားများဖြင့်အိမ်တိုင် ရာရောက်လိုက်ပို့ပေးနေကြသည့်ရခိုင် ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့နှင့်ရွှေရောင် မေတ္တာဖောင် ဒေးရှင်းအဖွဲ့တို့ကို ရခိုင် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့က ဂုဏ် ပြုငွေ ကျပ် နှစ်သိန်းစီချီးမြှင့်ခဲ့သည်။
ဆုချီးမြှင့်ခံရခြင်းနှင့်ပတ်သက်၍ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းအသင်း တည်ထောင်သူ ကိုမင်းထည်ဝါက''အခုလို ကျွန်တော်တို့အသင်းကို ရခိုင် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့က ဂုဏ်ပြုငွေချီးမြှင့်ပေးလို့ ဂုဏ်ယူဝမ်း မြောက်ရပါတယ်။ ကျွန်တော်တို့အသင်း က လူငယ်မောင်မယ်တွေဆိုရင် စစ်တွေ မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်း ချုပ်ရေးကာလမှာ အိမ်မပြန်ကြဘဲ နေ့မအား၊ ညမအားလုပ်ဆောင်ခဲ့ကြ တာကို အသိအမှတ်ပြုပေးကြတဲ့အတွက် ကျွန်တော်တို့အသင်း ပရဟိတလုပ်ငန်း များဆက်လုပ်ဖို့ အင်အားဖြစ်ရပါတယ်'' ဟုပြောသည်။
ယင်းအခမ်းအနားသို့ ရခိုင်ပြည်နယ် ကြက်ခြေနီတပ်ဖွဲ့မှ ဥက္ကဋ္ဌ ဦးထွန်းရွှေ၊ စစ်တွေမြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိန်းလှ၊ ရခိုင်ပြည်နယ် အမျိုး သမီးရေးရာအဖွဲ့နာယက ဒေါ်သီတာ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရွှေရောင် မေတ္တာဖောင်ဒေးရှင်းမှ လူငယ်မောင် မယ်များ တက်ရောက်ခဲ့ကြသည်။
















