အမေရိကန် စီးပွားရေးမဂ္ဂဇင်း တစ်စောင်ဖြစ်သည့် Forbes က ၂ဝ၂ဝ ပြည့်နှစ်အတွင်း ဝင်ငွေအကောင်း ဆုံးကစားသမား ၁ဝ ဦး စာရင်းကိုထုတ် ပြန်ခဲ့ရာ ဘာစီလိုနာတိုက်စစ်မှူးမက်ဆီ မှာ ဂျူပင်တပ်စ်တိုက်စစ်မှူး စီရိုနယ်ဒို ကို ကျော်ဖြတ်၍ ပေါင် ၉၈ သန်းဖြင့် ဝင်ငွေအကောင်းဆုံးဖြစ်ခဲ့ကြောင်း သိရသည်။
အသက်(၃၃)နှစ်အရွယ် တိုက်စစ် မှူးမက်ဆီသည် ၂ဝ၂ဝ ပြည့်နှစ်အတွင်း လစာပေါင် ၇၁ ဒသမ ၆ သန်း ရရှိ ခဲ့ပြီး စပွန်ဆာစာချုပ်များမှ ပေါင် ၂၆ ဒသမ ၄ သန်းရရှိခဲ့ရာ ၎င်း၏ တစ်နှစ် တာဝင်ငွေမှာ တစ်ဘီလီယံနီးပါး ရှိဟု သိရသည်။ မက်ဆီသည် ယခုနွေတွင် ဘာစီလိုနာမှ ထွက်ခွာရန် တောင်းဆို ခဲ့သော်လည်း ၎င်း၏ စာချုပ်ပါ လျော် ကြေး ယူရို သန်း ၇ဝဝ ကို မည်သည့် အသင်းကမှ မတတ်နိုင်ခဲ့ပေ။
ဆိုရှယ်မီဒီယာ၌ ဖော်လိုဝါအများဆုံး ဘောလုံးသမားအဖြစ် ရပ်တည်နေ သော စီရိုနယ်ဒိုမှာ ၂ဝ၂ဝ ၌ ဝင်ငွေပေါင် ၉၁ သန်းရရှိခဲ့သည်။ ပီအက်ဂျီတိုက်စစ် မှူး နေမာမှာ ၂ဝ၂ဝ ပြည့်နှစ်၌ လစာ နှင့် စပွန်ဆာစာချုပ်မှ ရရှိသော ဝင်ငွေ မှာ ပေါင် ၇၄ ဒသမ ၇ သန်းဖြစ်ဟု Forbes က ဆိုသည်။
၂ဝ၁၉ ခုနှစ် ဝင်ငွေအကောင်းဆုံး ဘောလုံးသမား စာရင်း၌ မက်ဆီ၊ စီရို နယ်ဒိုနှင့် နေမာတို့ အစဉ်လိုက်ရပ်တည် ခဲ့ပြီး ၂ဝ၂ဝ ပြည့်နှစ်၌လည်း ထိပ်ဆုံး နေရာသုံးနေရာ အပြောင်းအလဲမရှိပေ။ ပြင်သစ်တိုက်စစ်မှူး အမ်ဘတ်ပီမှာ ၂ဝ၂ဝ စာရင်း၌ အဆင့် ၄ အထိ ခုန်တက်ခဲ့ပြီး ¤င်း၏ဝင်ငွေမှာပေါင် ၃၂ ဒသမ ၆ သန်းဖြစ်ကြောင်း သိရသည်။
အမ်ဘတ်ပီ၏ နောက်တွင် ဆာလက်ချ်(ပေါင် ၂၈ ဒသမ ၈သန်း)၊ ပေါ့ဘာ(ပေါင် ၂၆ ဒသမ ၅ သန်း)၊ ဂရစ်ဇ်မန်း(ပေါင် ၂၅ ဒသမ ၇ သန်း)၊ ဂါရတ် ဘေးလ်(ပေါင် ၂၂ ဒသမ ၆ သန်း)၊ လီဝမ်ဒေါ့စကီး(ပေါင် ၂၁ ဒသမ ၈ သန်း)နှင့် ဒီဂီယာမှာ ပေါင် ၂၁ သန်း ဖြင့် အစဉ်လိုက်ရပ်တည်ခဲ့သည်။















