မန္တလေးမြို့ရှိ ကန်တော်နဒီဆေးရုံနှင့် Quarantine Center များသို့ ငွေကျပ် ၁၈ သိန်းကျော်တန်ဖိုးရှိ စားသောက်ကုန်များလှူဒါန်း

မန္တလေးမြို့ရှိ ကန်တော်နဒီဆေးရုံနှင့် Quarantine Center များသို့ ငွေကျပ် ၁၈ သိန်းကျော်တန်ဖိုးရှိ စားသောက်ကုန်များလှူဒါန်း

မန္တလေးမြို့ရှိ အသေးစားနှင့် အလတ်စားထုတ်ကုန်လုပ်ငန်းရှင်များ စုပေါင်း၍ ကန်တော်နဒီဆေးရုံတွင် တက်ရောက်ကုသနေသည့် COVID-၁၉ အတည်ပြုလူနာများ အပါအဝင် Facility Quarantine Centerရှိ လူနာ များအား ငွေကျပ် ၁၈ သိန်းကျော်တန်ဖိုးရှိ စားသောက်ကုန်များကို စက်တင်ဘာ ၁၄ ရက်က သွားရောက်လှူဒါန်းခဲ့ ကြောင်း သိရသည်။ 

ဆေးရုံတက်လူနာများနှင့်အသွား အလာကန့်သတ်စောင့်ကြည့်ခံထားရသူများနေ့စဉ်စားသောက်ရေးကိစ္စအ တွက် တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေ ရေးနှင့် စိတ်ဓာတ်ခွန်အားများပေးလို သောကြောင့် ယခုကဲ့သို့ သွားရောက် လှူဒါန်းရခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြင်ဦးလွင်မြို့နယ်ရှိ ဇီးပင် ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်၌ ဖွင့်လှစ် ထားသည့် Quarantine Center တွင် လူဦးရေ ပိုမိုများပြားသဖြင့် လာ မည့်ရက်ပိုင်းအတွက် ထပ်မံသွားရောက် လှူဒါန်းရန်စီစဉ်ထားကြောင်း သိရသည်။

''အစတုန်းကတော့ ကျွန်တော့် အမေရဲ့မွေးနေ့အထိမ်းအမှတ်အနေနဲ့ ကိုယ်ပိုင်စားသောက်ကုန်လုပ်ငန်းက ထုတ်လုပ်တဲ့ ရှောက်ယို၊ သံပရာသီး ဆီစိမ်၊ သရက်သီးဆီစိမ်၊ ရှောက်သီး ဆီစိမ်နဲ့ ငရုတ်သီးထောင်းဘူးတွေကိုပဲ ကျပ်ခုနစ်သိန်းဖိုးလောက် သွားရောက် လှူဒါန်းဖို့ရှိပေမယ့် မိတ်ဆွေလုပ်ငန်း ရှင်တွေကိုမေးကြည့်တဲ့အခါ သူတို့က လည်း အားတက်သရော အလှူငွေတွေ ပူးပေါင်းပါဝင်ကြ၊ စားသောက်ကုန် တွေပို့ပေးကြနဲ့ဆိုတော့ ပိုပြီး လှူဒါန်း နိုင်သွားတာပါ။ Quarantine Center တွေမှာ အလှူရှင်တွေရဲ့အလှူပစ္စည်း တွေကို လက်ခံဖို့အတွက် နေရာတွေ စနစ်တကျ စီစဉ်ပေးထားသလို အဲဒီမှာ တာဝန်ကျ ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ ဝန်ထမ်းတွေကလည်း သေချာလက်ခံပြီး တော့မှ လူနာတွေနဲ့ စောင့်ကြည့်ခံထားရသူတွေဆီ စည်းကမ်း ချက်တွေနဲ့အညီ ပို့ဆောင်ပေးကြတာ ဖြစ်ပါတယ်။ ဇီးပင်ကြီးစင်တာအတွက်က လူဦးရေ ၂ဝဝ ကျော်လောက်ပဲ လှူဒါန်း ဖို့သွားခဲ့ပေမယ့် ဟိုရောက်တော့ လူဦး ရေက ၈ဝဝ ကျော်တောင်ရှိနေတဲ့ အတွက် ထပ်မံလှူဒါန်းဖို့ လုပ်ငန်းရှင် တွေနဲ့စီစဉ်ပြီး ရေသန့်ဘူးတွေနဲ့ တစ်ရှူး စက္ကူလိပ်တွေ အဓိကလိုအပ်နေကြပါ တယ်''ဟု မန္တလေးမြို့ မေမြင့်စားသောက် ကုန်လုပ်ငန်းမှ တည်ထောင်သူ ဦးစိုးရာ ဇာဝင်းက ပြောကြားသည်။

ယခုလှူဒါန်းခဲ့သောFacility Quarantine Center များတွင် မန္တလေးကန်တော်ကြီး၊ ဇီဝိတဒါနသံဃာ့ ဆေးရုံကြီး၊ မန္တလာဒီဂရီကောလိပ်၊ ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်နှင့် Ayarwaddy River View ဟိုတယ် တို့ဖြစ်ပြီး Genius အသင့်ဖျော်ကော်ဖီ ထုပ်များ၊ မေမြင့်စားသောက်ကုန်မှထုတ် ကုန်များ၊ မေတံဆိပ် အာလူးကြော်နှင့် ဆန်ခွေကြော်များ၊ ရွှေထက်စားသောက် ကုန်မှ ဘာလချောင်ကြော်နှင့် ငရုတ် သီးကြော်ထုပ်များ၊ ရေသန့်ဘူးများနှင့် တစ်ရှူးဘူးများပါဝင်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး အတွင်း ခရိုင်အလိုက် ကိုဗစ်လူနာများ၏မိသား စုဝင်များနှင့် ထိတွေ့ခဲ့ဖူးသူများအတွက် စီစဉ်ပေးထားသည့် Facility Quarantine Center စုစုပေါင်း ၃၃၅ နေ ရာရှိရာ လက်ရှိအသုံးပြုသူဦးရေ ၃ဝဝဝ ကျော်အထိရှိလာကြောင်း မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ပြန်ထား ချက်အရ သိရသည်။

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး