မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ မြို့တွင် ပထမဆုံးအကြိမ်ကျင်းပရန် စီစဉ်ထားသည့် အညာမြေရိုးရာမုန့် ပွဲတော်နှင့် လူထုအမှတ်သညာပွဲတော်ကို COVID-၁၉ ကူးစက်မြန်ရောဂါဖြစ် ပွားနေမှုကြောင့် ကျင်းပမည့်ရက်ကို ရွှေ့ဆိုင်းလိုက်ကြောင်း ပွဲတော်ကျင်းပ ရေးအဖွဲ့မှ စက်တင်ဘာ ၁၅ ရက် တွင် သိရသည်။
''အညာဒေသကထွက်ရှိတဲ့ မုန့် များကို တည်ခင်းပြီးပြီ။ မြည်းစမ်းစေတဲ့ အစီအစဉ်ပေါ့နော်။ မုန့်ပွဲတော်မှာ ရာသီအလိုက်ရှိတဲ့ မုန့်တွေရှိသလို၊ ရာသီတိုင်းမှာရှိတဲ့ မုန့်တွေလည်းပါ ရှိမှာပါ။ အညာဒေသမှာထွက်တဲ့ မုန့် တွေကို စာရင်းပြုစုလို့ရထားတာ မုန့် မျိုးစုံ ၄ဝ ကျော်ရှိပြီး မုန့်ပွဲတော်မှာ မုန့်အမျိုးအစား ၃ဝ ကျော်ပါဝင်မှာ ဖြစ်ပါတယ်''ဟု ပွဲကျင်းပရေးမြို့နယ် တာဝန်ခံ ဦးထိန်မင်းခိုင်က ပြောသည်။
အလားတူ လူထုအမှတ်သညာ ပွဲတော်ကိုလည်း မိတ္ထီလာမြို့၌ ပထမဆုံး အကြိမ် ကျင်းပရန် စီစဉ်ထားခြင်းဖြစ် သည်။
''လူထုအမှတ်သညာပွဲတော်ပြုလုပ် တာက နေရာဒေသတစ်ခုရဲ့ အထင်က ရရှိခဲ့တဲ့ အမှတ်သညာတွေ လူထုရဲ့ ဦးနှောက်ထဲမှာ ပြန်ပေါ်လာအောင်ဆောင်ရွက်တဲ့ပွဲလေးပါ။ နေရာတိုင်း နေရာတိုင်း၊ ဒေသတိုင်း ဒေသတိုင်းရဲ့ သမိုင်းမှတ်တမ်းတွေ ပြန်လည်ဖော် ထုတ်တဲ့ပွဲပါ။ အခုလိုပြန်လည်ဖော်ထုတ် ခြင်းဖြင့် ကိုယ့်မြို့နယ်၊ ကိုယ့်ဒေသ၊ ကိုယ့်နိုင်ငံနဲ့ပတ်သက်တဲ့ သမိုင်းမှတ် တမ်းကို မသိမမီလိုက်တဲ့သူတွေကို သိမီလိုက်တဲ့သူတွေက တစ်ဆင့်ပြန် လည်ပြောကြားခြင်းကို လူထုအမှတ် သညာပွဲတော်ဆိုပြီး ကျင်းပတာပါ'' ဟု ၎င်းက ဆက်လက်ပြောသည်။
လူထုအမှတ်သညာပွဲ၌ မိတ္ထီလာ မြို့နှင့် ပတ်သက်သည့် ဓာတ်ပုံဟောင်း များ၊ မြို့၌ကျင်းပလေ့ရှိသည့် ရိုးရာပွဲ များ(တော်သလင်းလ လှေပြိုင်ပွဲ၊ မသိုး သင်္ကန်းရက်ပြိုင်ပွဲ၊ ဝင်္ကပါပွဲ)၊ တစ်ခေတ် တစ်ခါက ထင်ရှားခဲ့သည့် ထီလာမောင် ၏ သမိုင်းများ၊ ဓာတ်ပုံပြိုင်ပွဲများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ထို ပွဲအတွင်း အညာဒေသ၏ အမှတ်သညာ များကို ဖော်ထုတ်၍ ဝင်ရောက်ယှဉ် ပြိုင်ပေးစေလိုကြောင်း ပွဲကျင်းပရေး မြို့နယ်တာဝန်ခံက ဖိတ်ခေါ်ထားသည်။
အညာမြေရိုးရာမုန့်ပွဲတော်ကို ယခု နှစ် အောက်တိုဘာလဆန်းပိုင်းတွင် ကျင်းပနိုင်ရန် စီစဉ်ထားပြီး လူထုအမှတ် သညာပွဲကို နိုဝင်ဘာလကုန်ပိုင်း၌ ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။ လတ်တလောအခြေအနေ၌ COVID- ၁၉ ရောဂါကြောင့်ဖြစ်ပွားနေမှုကြောင့် ပွဲကျင်းပရန် စီစဉ်ထားသည့် ရက်များကို ရွှေ့ဆိုင်းလိုက်ပြီး ပြန်လည်ကျင်းပမည့် ရက်ကိုမူ ကြေညာပေးသွားမည်ဟု ဦးထိန်မင်းခိုင်က ပြောသည်။
















