လွိုင်ကော်မြို့တွင် ဘိလိယက်ခုံတွင် ဖဲရိုက်လောင်း ကစားပြုလုပ်နေ သူများကို ဖမ်းဆီးအရေးယူ ထားကြောင်း စက်တင်ဘာ ၁၆ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
စက်တင်ဘာ ၁၅ရက်ညနေ ၄နာရီခန့်အချိန်တွင် ကယားပြည်နယ်၊လွိုင်ကော်မြို့၊နမ့်ဘော်၀မ်(က) ရပ်ကွက်၊ပြည်ထောင်စုလမ်း နေမောင်ဦး(ခ)ဝင်းမြင့်ဦး၏နေအိမ်တွင် ဖဲလောင်းကစားနေကြောင်းသတင်းအရပြည်နယ်မှုခင်းအကူဌာနစိတ်မှရဲအုပ်ငြိမ်းဇော်မင်းနှင့်အဖွဲ့ကဝင်ရောက်ရှာဖွေခဲ့သည်။
မောင်ဦး(ခ)ဝင်းမြင့်ဦး၏နေအိမ်နောက် အိပ်ခန်းအတွင်း၌ အိမ်ရှင်မောင်ဦး(ခ)ဝင်းမြင့်ဦး(၄၁)နှစ်၀င်းစိုး(၄၃)နှစ်၊စန်းမျိုးနိုင်(၃၁)နှစ်၊အောင်စိုးလွင်(၄၃)နှစ်၊ကိုလင်း(ခ)မိုးလင်း(၃ဝ)နှစ်၊ထွန်းဇော်(၃၅)နှစ်၊တို့ကို ဖဲချပ်(၁၀၈)ချပ်၊ လောင်းကြေးငွေကျပ် ၁၅၅,၀၀၀ တို့နှင့်အတူ ဖမ်းမိခဲ့ပြီး လွိုင်ကော်မြို့မရဲစခန်းတွင်(ပ)/၂၀၂၀ လောင်းကစားဥပဒေပုဒ်မ၁၅(က)/၁၆(က)ဖြင့် အမှုရေးဖွင့်စစ်ဆေးလျက်ရှိသည်။

















