လက်ကိုင်ဖုန်းခိုးသူ မိန်းမလျာနှစ်ဦးကို လှည့်ကင်းအဖွဲ့ကဖမ်းမိ

လက်ကိုင်ဖုန်းခိုးသူ မိန်းမလျာနှစ်ဦးကို လှည့်ကင်းအဖွဲ့ကဖမ်းမိ

ဒဂုံမြို့သစ်တောင်ပိုင်းတွင် လက်ကိုင်ဖုန်းခိုးသူ မိန်းမလျာနှစ်ဦးကို လှည့်ကင်းအဖွဲ့က ဖမ်းဆီးရ မိခဲ့ကြောင်းစက်တင်ဘာ ၁၆ ရက်နေ့ တွင် ရဲတပ်ဖွဲ့မှသိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းမှဒုရဲတပ်ကြပ် ရဲဗိုလ်နှင့်လှည့်ကင်းပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၃ ရက် ည ၉ နာရီခွဲခန့်တွင် သတင်းအရ အမှတ်(၁၇)ရပ်ကွက်၊အမှတ်(၂) လမ်းမကြီး ဦးထွန်းမြတ် မှတ်တိုင်အနီးတွင် မသင်္ကာဖွယ် တွေ့ရသူ (၁၀၅)ရပ်ကွက် နေခခ(ခ)ချစ်ရင်ထူး ၁၉ နှစ်ကို တွေ့ရသဖြင့် စစ်ဆေးခဲ့သည်။

မေးမြန်းချက်အရ Oppo အမျိုးအစား ရွှေအိုရောင် လက်ကိုင်ဖုန်းကိုအမှတ် ၂ လမ်းပေါ်တွင် ရပ်ထားသည့် Light truck အမျိုးအစား အဖြူရောင် ကားပေါ်မှ ခိုးယူခဲ့ပြီး ချောချော(ခ)ဇော်မင်းထွန်းကိုပေးခဲ့ကြောင်း စစ်မေးပေါ်ပေါက်သဖြင့် အိမ်အမှတ်(၆၀)၊ခရေပင်လမ်း နေသူ ချောချော(ခ)ဇော်မင်းထွန်း ၃၀ နှစ်နေအိမ်သို့ သွားရောက်သိမ်း ဆည်းခဲ့သည်။ချောချော(ခ)ဇော်မင်းထွန်းကို နေအိမ်တွင် တွေ့ရှိစစ်မေးရာ လုယက်လာသောဖုန်းကို အိမ်နောက်ဖေးတွင်ပစ်ထားကြောင်းသိရှိ၍ သိမ်းဆည်းရရှိခဲ့ပြီး အခြားလုယက်မှုများကျူးလွန်ထားခြင်းရှိမရှိ ဆက်လက် စစ်ဆေး လျက်ရှိသည်။