တရုတ်-မြန်မာ နယ်စပ်ရှိ ရွှေလီမြို့ တွင် Covid-19 ရောဂါပိုး တွေ့ရှိရသ ဖြင့် မြို့ကို Lockdown ပြုလုပ်ခြင်းနှင့် အတူ မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုဆောင် ရွက်ပေးနေသည့် အကောက်ခွန်ရုံးကို ပါ ပိတ်လိုက်ခြင်းကြောင့် သစ်သီးမှလွဲ ၍ တခြားကုန်သွယ်ရေး ၁ဝဝ ရာခိုင်နှုန်း ရပ်ဆိုင်းပြီဖြစ်ကြောင်း မူဆယ် အခြေစိုက်လုပ်ငန်းရှင်များက ပြောသည်။လက်ရှိတွင် ရွှေလီမြို့ အဝင်အထွက် ကို စက်တင်ဘာ ၁၅ ရက်မှ စတင်ကာ တစ်ပတ်တိတိ ပိတ်လိုက်သည်။
''တစ်ပတ်ထဲဆိုရင်တော့ မြန်မာမှာ ရှိတဲ့ ပစ္စည်းတွေအရ အဆင်ပြေတယ်။ ကျော်သွားရင်တော့ ဒီဘက်မှာ ထိခိုက်မူ ရှိလာနိုင်တယ်''ဟု တရုတ်မှ Mask တင်သွင်းသည့် လုပ်ငန်းရှင် ဦးရဲအောင် ကျော်က ဆိုသည်။ရွှေလီမြို့ကို အဝင်အထွက် ပိတ် လိုက်ခြင်းကြောင့် ကုန်သွယ်မှုရာနှုန်း ပြည့် ရပ်ဆိုင်းသွားသည့် အခြေအနေ ဖြစ်ကာ တရုတ်အစိုးရက ရွှေလီမြို့အ တွင်းရှိ ဆေးစစ်ရန်လိုအပ်သည့်သူ များတွင် Covid-19 ပိုးမတွေ့ရှိမှသာ ပြန်လည် ဖွင့်ခွင့် ပြုသွားဖွယ်ရှိနေသည်။ ပိုးတွေ့ရှိသူမြင့်မားပါက နယ်စပ်ကုန် သွယ်ရေး ပိတ်ဆို့မူ ရက်တိုးမြင့်လာဖွယ် ရှိနေသည်။
''သေချာပေါက် ထိခိုက်မှု ရှိလာနိုင် တယ်။ ဝမ်တိန်ဘက်မှာတော့ ကုန်သွယ် ရေးအတွက် ညှိနှိုင်းနေပါတယ်။ အခု လည်း ယာဉ်မောင်းမပါပဲ ကုန်နဲ့ယာဉ် ကိုပဲ ဝင်ခွင့်ပြုထားတာပါ'' ဟု မူဆယ် အခြေစိုက် စိုင်းမြင့်ဗိုလ် ပွဲရုံ လုပ်ငန်းရှင် ဦးစိုင်းမြင့်ဗိုလ်ကဆိုသည်။
ရွှေလီမြို့ကို ခုနစ်ရက်အထိ Lockdown ချလိုက်လိုက်ခြင်းဖြစ်ပြီး အမြန်လမ်းပေါ်သွားလာခွင့်နှင့် ပြင်ပ သွားလာခွင့်ကိုပါ ပိတ်ပင်ထားသည့်အ တွက် ဝယ်လက်လာသူ နည်းပါးကြောင်း မူဆယ်ရှိ ခွာညိုသစ်သီးပွဲရုံမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
''တရုတ်အမြန်လမ်းကို ပိတ်လိုက် တာမို့ လမ်းဟောင်းက သွားရတယ်။ သစ်သီးတင်သွင်းတာနဲ့ ပတ်သက်ပြီး ကန့်သတ်တာမျိုးတော့ မရှိသေးဘူး'' ဟု ၎င်းက ပြောသည်။မြန်မာနိုင်ငံဘက်မှလည်း အဆိုပါ ကိစ္စရပ်ကြောင့် သစ်သီးတင်ပို့ရန် ခေတ္တ ရပ်ဆိုင်းနေကြပြီး တရုတ်နိုင်ငံဘက် မှာမူ အဝယ်လိုက်နေသေးကြောင်း လုပ်ငန်းရှင်များက ပြောသည်။

















