ဟိုတယ်တွင် ကိုဗစ်ကာလအတွင်း အနှိပ်ခန်းဖွင့်လှစ်လုပ်ကိုင်သူများကိုဖမ်းဆီး

ဟိုတယ်တွင် ကိုဗစ်ကာလအတွင်း အနှိပ်ခန်းဖွင့်လှစ်လုပ်ကိုင်သူများကိုဖမ်းဆီး

ပြင်ဦးလွင်ရှိ ဟိုတယ်တစ်ခုတွင် COVID-19 ရောဂါကာကွယ် ရေးကာလအတွင်း အနှိပ်ခန်း ဖွင့်လှစ်လုပ်ကိုင်သူများကိုဖမ်းဆီးအရေးယူထားကြောင်း စက်တင်ဘာ ၁၇ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။

စက်တင်ဘာ ၁၅ ရက်နေ့ ည ၁၁ နာရီအချိန်တွင်ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၂)၊ ချယ်ရီလမ်းရှိ ဟိုတယ်တွင် တရားမဝင်အနှိပ် ခန်းဖွင့်လှစ်လုပ်ကိုင်နေကြောင်းသတင်းအရ ပြင်ဦးလွင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများ နှင့်အတူဝင်ရောက်ရှာဖွေခဲ့သည်။

အဆိုပါဟိုတယ်အတွင်း ဆိုင်ဝန်ထမ်း အမျိုးသားတစ်ဦး နှင့် အနှိပ်သမ (၆)ဦးကို အနှိပ်ခန်းဖွင့်လှစ် လုပ်ကိုင်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့သောကြောင့်အရေးယူပေးရန်တိုင်ကြားခဲ့သည်။ပြင်ဦးလွင်မြို့မ ရဲစခန်းက(ပ)၃၄၁/၂၀၂၀၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့်အမှုဖွင့် အရေးယူထားသည်။