နှစ်ကြိမ်ဆက် ပိုးမတွေ့တော့သည့်အတည်ပြုလူနာ ၁  ဦး  စစ်တွေတိုင်းရင်းဆေးရုံမှ  ဆင်းခွင့်ရ

နှစ်ကြိမ်ဆက် ပိုးမတွေ့တော့သည့်အတည်ပြုလူနာ ၁  ဦး  စစ်တွေတိုင်းရင်းဆေးရုံမှ  ဆင်းခွင့်ရ

နှစ်ကြိမ်ဆက်ပိုးမတွေ့တော့သည့် ကိုဗစ်အတည်ပြုလူနာ ၁၈ ဦးကို စစ်တွေမြို့ တိုင်းရင်းဆေးရုံမှ ဆင်းခွင့် ပြုလိုက်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ တိုင်းရင်း ဆေးရုံတွင် ကုသမှုခံယူနေသော အတည်ပြုလူနာ အမျိုးသား ကိုးဦးနှင့် အမျိုးသမီး ကိုးဦး တို့ကို စက်တင်ဘာ ၁၆ ရက်တွင် ဆေးရုံမှဆင်းခွင့်ပြုလိုက် ခြင်းဖြစ်ပြီး ဆေးရုံဆင်းခွင့်ရအခမ်းအနား ကိုလည်း ယင်းဆေးရုံ၌ ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှလူမှု ရေးဝန်ကြီး ဒေါက်တာချမ်းသာက ''ကျွန်တော်တို့စစ်တွေမြို့မှာ COVID- ၁၉ ရောဂါစဖြစ်ကတည်းက အစိုးရ အဖွဲ့ရော ပြည်သူတွေအားလုံးက ဝိုင်းဝန်းကူညီကြပြီး ပြည်သူတွေက စည်းကမ်းလိုက်နာခဲ့ကြလို့ အခုဆိုရင် COVID-၁၉ ရောဂါကို အတော်တန် ထိန်းချုပ်နိုင်ပြီလို့ ပြောလို့ရပါတယ်။ အဲဒီလို အောင်မြင်လာရခြင်း အကြောင်း ရင်းက ပြည်သူတွေကိုယ်တိုင် ဝိုင်းဝန်း ဆောင်ရွက်လို့ပဲဖြစ်ပါတယ်''ဟု ဆေးရုံ ဆင်းခွင့်ရအခမ်းအနားတွင် ပြောသည်။

စက်တင်ဘာ ၁၆ ရက်တွင် စစ်တွေ ပြည်သူ့ဆေးရုံ၌ ကုသမှုခံယူနေပြီး နှစ်ကြိမ်ဆက် ပိုးမတွေ့တော့သည့် အတည်ပြုလူနာတစ်ဦးလည်း ဆေးရုံမှ ဆင်းခွင့်ရခဲ့သည်။

ယခုဆေးရုံမှ ဆင်းခွင့်ရသူများ သည်၎င်းတို့၏ အိမ်များ၌ Home Stay တစ်ပတ်နေရမည်ဖြစ်ပြီး သတ် မှတ်စည်းကမ်းနှင့်အညီ နေထိုင်ကြ ရန် စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးမှ အထွေထွေရောဂါကုသမားတော်ကြီး ဒေါက်တာမောင်မောင်သန်းက ယင်း အခမ်းအနား၌ ပြောသည်။

''အိမ်မှာနေထိုင်ကြတဲ့အချိန်  အထူး သဖြင့် Mask ကို မဖြစ်မနေတပ်၊ လက်ကိုမကြာမကြာဆေး၊ နှာစေး ချောင်းဆိုးရင် အုပ်ပြီးဆိုး ဒီသုံးချက် ကို ကျွန်တော်အနေနဲ့ အထူးတလည် မှာချင်တယ်။ လူနာတွေသိရှိထားကြ ပေမယ့် ကျွန်တော်တို့က ခဏခဏ မှာကြားရတာက ကိုယ်ကစလို့ကာကွယ် ထားမှ မိမိတို့ရပ်ရွာ၊ ပတ်ဝန်းကျင် ရောဂါကင်းစင်နယ်မြေတစ်ခု ဖြစ်လာ စေဖို့အတွက်ပဲ''ဟု ၎င်း က ပြောသည်။

စစ်တွေ တိုင်းရင်းဆေးရုံမှ နှစ်ကြိမ် ဆက် ပိုးမတွေ့လူနာ ၁၃ ဦး၊ စစ်တွေ ပြည်သူ့ ဆေးရုံမှ ၁၅ ဦး ဆင်းခွင့်ရခဲ့ သည်။