အိန္ဒိယ၌ စက်တင်ဘာ ၁၇ ရက်တွင် COVID-19 ကူးစက်သူသစ် ၉၇၈၄၉ ဦးဖြင့် စံချိန်သစ်တင်

အိန္ဒိယ၌ စက်တင်ဘာ ၁၇ ရက်တွင် COVID-19 ကူးစက်သူသစ် ၉၇၈၄၉ ဦးဖြင့် စံချိန်သစ်တင်

အိန္ဒိယနိုင်ငံ၌ စက်တင်ဘာ ၁၇ ရက်တွင် COVID-19 ကူးစက်သူသစ် ၉၇၈၉၄ ဦးဖြင့် စံချိန်သစ်တင်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော စာရင်းအင်းများအရ သိရသည်။

အိန္ဒိယ၌ ကူးစက်သူ ၅ ဒသမ ၁၂ သန်းရှိနေကာ ကမ္ဘာပေါ်တွင် COVID-19 ဒဏ်ကို ကူးစက်သူ ၆ ဒသမ ၆ သန်းရှိသော အမေရိကန်ပြည်ထောင်စုပြီးနောက် ဒုတိယ အဆိုးရွားဆုံး ခံစားနေရသည့် နိုင်ငံဖြစ်သည်။

လူသေဆုံးမှုနှုန်းမှာ တရိပ်ရိပ် လျော့ကျလာပြီဖြစ်သော်လည်း အိန္ဒိယသည် ပြီးခဲ့ သည့် သီတင်းပတ် နှစ်ခုအတွင်း တစ်ရက်ပျမ်းမျှ သေဆုံးမှု ၁၀၀၀ ကျော် ရှိခဲ့သည်။

စက် တင်ဘာ ၁၇ ရက်တွင် COVID-19 ဖြင့် သေဆုံးသူ ၁၁၃၂ ဦးရှိကြောင်း ကျန်းမာ ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရပြီး စုစုပေါင်း သေဆုံးသူ ၈၃၁၉၈ ဦး ရှိနေပြီဖြစ်သည်။

လူဦးရေ ၁ ဒသမ ၃ ဘီလီယံရှိနေသော အိန္ဒိယ၌ မကြာသေးမီ၌ တစ်ရက် တာအတွင်း ကူးစက်မှုအမြင့်ဆုံးသော နေ့ရက်များ ရှိခဲ့ပြီး မကြာသေးမီ ၁၁ ရက်အတွင်း၌ ကူးစက်သူ တစ်သန်းကျော် ရှိခဲ့ကြောင်း သိရသည်။

အိန္ဒိယ၌ ကူးစက်မှုဦးရေ ဆက်လက်မြင့်တက်လာနိုင်သေးကြောင်းလည်း ကျွမ်းကျင်ပညာရှင်အချို့က သတိပေးမှုများ ပြုလုပ်ခဲ့ကြသည်။ အိန္ဒိယသည် ယိမ်းယိုင်နေသော စီးပွားရေးကို ပြန်လည်ဦးမော့လာစေရန် အတွက် ကူးသန်းသွားလာမှုကန့်သတ်ချက်များကို ဖြေလျှော့ခဲ့ရပြီးဖြစ်သည်။

လူတွေက မကြောက်ကတော့ဘူး၊ ထုံနေကြပြီ၊ အခုဆိုရင် အပြင်ထွက်ပြီး အလုပ်လုပ်ချင်နေကြပြီ ဟု နယူးဒေလီအခြေစိုက် စီးပွားရေးလုပ်ငန်းရှင် ဂျာယန့်စူရာနာက ပြောဆိုခဲ့သည်။

COVID-19 ကူးစက်မှု မြင့်တက်လာမှုသည် ဆေးရုံများအပေါ် ဝန်ပိစေပြီး ထောင်ပေါင်းများစွာသော အရေးကြီးလူနာများအတွက် လိုအပ်နေသော အောက်ဆီဂျင် ကို ဖြည့်ဆည်းပေးနိုင်မှု မလွယ်ကူတော့ကြောင်း သိရသည်။