နည်းပြကိုးမန်းလက်ထက် ဘာစီလိုနာအတွက် မက်ဆီ ဂိုးစသွင်း ဂျီရိုနာအား သုံးဂိုး တစ်ဂိုးဖြင့်အနိုင်ရသော ခြေစမ်းပွဲတွင် နှစ်ဂိုးသွင်းယူပေးခဲ့

နည်းပြကိုးမန်းလက်ထက် ဘာစီလိုနာအတွက် မက်ဆီ ဂိုးစသွင်း ဂျီရိုနာအား သုံးဂိုး တစ်ဂိုးဖြင့်အနိုင်ရသော ခြေစမ်းပွဲတွင် နှစ်ဂိုးသွင်းယူပေးခဲ့

အသက်(၃၃)နှစ်အရွယ် အာဂျင်တီး နားတိုက်စစ်မှူး မက်ဆီသည် နည်းပြကိုး မန်းလက်ထက် ဘာစီလိုနာအသင်းအတွက် ဂိုးစသွင်းယူနိုင်ခဲ့ပြီး ဂျီရိုနာအား သုံးဂိုး တစ်ဂိုးဖြင့်အနိုင်ရသော ခြေစမ်းပွဲတွင် နှစ် ဂိုးသွင်းယူပေးခဲ့ကြောင်း ဂိုးလ်ကွန်ကဖော် ပြခဲ့သည်။

ဘာစီလိုနာသည် စက်တင်ဘာ ၁၆ ရက်က ဂျိုဟန်ခရိုက်ဖ်ကွင်းတွင် ဂျီရိုနာနှင့် ခြေစမ်းခဲ့ခြင်းဖြစ်ပြီး နည်းပြကိုးမန်းမှာ မက်ဆီ၊ ဂရစ်ဇ်မန်း၊ ဒီဂျောင်၊ ဘက်စ်ကွက် နှင့် ကော်တင်ဟိုတို့ကို ပွဲထုတ်ခဲ့သည်။ ဘာစီလိုနာသည် ပွဲချိန် ၂၁ မိနစ်တွင် ဦးဆောင်ဂိုးရခဲ့ပြီး ဘရာဇီးသားကော်တင် ဟိုက သွင်းယူပေးခဲ့သည်။ မက်ဆီသည် ပွဲချိန် ၄၅ မိနစ်တွင် အသင်းအတွက် ဒုတိ ယဂိုးကို ပင်နယ်တီဧရိယာအစပ်မှ ညာခြေ ဖြင့် ဂိုး၏ဘယ်ဘက်ထောင့်သို့ လှလှပပ သွင်းယူပေးခဲ့သည်။

ဂျီရိုနာသည် မက်ဆီ ၏ဂိုးကိုခွင့်ပြုရပြီးနောက် ချေပဂိုးတစ်ဂိုး ပြန်သွင်းခဲ့သည်။ မက်ဆီသည် ဒုတိယပိုင်း ၅၁ မိနစ်တွင် ပင်နယ်တီဧရိယာအစပ်မှပင် ဘယ်ခြေဖြင့် ဘာစီလိုနာအတွက် တတိယ ဂိုးသွင်းယူခဲ့သည်။ နည်းပြကိုးမန်းသည် ပွဲချိန် ၆၃ မိနစ်တွင် မက်ဆီအား လူစားလဲ ခဲ့ပြီး ဒမ်ဘီလီကို ထည့်သွင်းခဲ့သည်။

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် နည်းပြကိုးမန်းလက်ထက် ဂျင်နက်စတစ်နှင့် ကစားခဲ့သည့် ခြေစမ်းပွဲတွင် ပထမဆုံး ပါဝင်ခဲ့ပြီးနောက် ဂျီရိုနာနှင့် ပွဲတွင် ဂိုးစ သွင်းယူခဲ့ခြင်းဖြစ်သည်။ ၄င်းသည် ၂ဝ၂ဝ ပြည့်နှစ် သြဂုတ် ၈ ရက်က နာပိုလီနှင့် ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲအပြီး အသင်း အတွက် ပထမဆုံးဂိုးသွင်းနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ ဘာစီလိုနာနည်းပြကိုးမန်းသည် ခြေစမ်းပွဲ၌ ဥရုဂွေးတိုက်စစ်မှူးဆွာရက်ဇ် ကို အသုံးမပြုခဲ့ပေ။ အသင်း၌ ဆွာရက်ဇ် ဆက်ရှိမည်ကို ၎င်းမသိရှိကြောင်း ကိုးမန်းက ဆိုခဲ့သည်။

ဘာစီလိုနာသည် ရာသီသစ်မစမီ ဂျင် နက်စတစ်နှင့် ဂျီရိုနာတို့ကို သုံးဂိုး တစ်ဂိုး စီဖြင့်အနိုင်ရခဲ့ပြီး စက်တင်ဘာ ၁၉ ရက်၌ ဂျိုအန်ဂမ်ပါဖလားပွဲအဖြစ် အယ်လ်ချီနှင့် ကစားမည်ဖြစ်ကြောင်း သိရသည်။

ပြည့်ဖြိုး ဘာသာပြန်သည်။



ဖတ်ရှုမှုအများဆုံး