မြဝတီမြို့ ကုန်သွယ်ရေးဇုန်၌ ဖွင့်လှစ်ထားသည့် Quarantine စခန်းတွင်ဝင်ရောက်နေသည့် ပြည် တော်ပြန်များထဲမှ ရှစ်ဦးသည် စက် တင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းက ထွက်ပြေးသွားခဲ့၍ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ အရအမှုဖွင့်လှစ်ထားကြောင်း သိရသည်။
ထွက်ပြေးသွားသူများမှာ မောင် ကာဆင် အမှတ်(၃)ရပ်ကွက် ကျောက် လုံးကြီး)၊ မောင်ဟာဆင်(လိပ်စာတူ)၊ မောင်ဖိုးလုံး(မင်းလက်ပံ)၊ မောင်ကျော် မင်းဦး(မင်းလက်ပံ)၊ မောင်မြင့်နိုင် အမှတ်(၃)ရပ်ကွက် မြဝတီ၊ မောင်ပိုင် မျိုးသူ အမှတ်(၄)ရပ်ကွက် မြဝတီ၊ မောင်ကျော်မင်းဦး အမှတ်(၄)ရပ်ကွက် မြဝတီ၊ မောင်ဝင်းနိုင် အမှတ်(၄) ရပ်ကွက် မြဝတီတို့ဖြစ်ကြောင်း သိရ သည်။
''ကျွန်တော်တို့Quarantine စခန်းကို အမှတ်(၂ )တံတားကြီးကနေ တစ်ဆင့် စက်တင်ဘာ ၁၄ ရက်မှာ သုံးဦး၊ ၁၅ ရက်မှာ ငါးဦးရောက်ရှိလာ ခဲ့ကြပါတယ်။ ကျွန်တော်တို့ တစ်နေ့ သုံးကြိမ် လူစစ်ဆေးပါတယ်။ ဒါနဲ့ မနက်စာ ထမင်းဝေအပြီးမှာ စခန်း တွင်းက Q ဝင်နေတဲ့သူတွေက စခန်း အနောက်ခြံစည်းရိုးကိုကျော်တက်ပြီး ပြေးသွားကြောင်း သတင်းပေးလို့ ကျွန်တော်တို့ စစ်ဆေးကြည့်ရာမှာ အထက်ပါရှစ်ဦးပျောက်နေတာတွေ့ ရတာကြောင့် ထွက်ပြေးသွားတယ် ဆိုတာ သိရပါတယ်။ တာဝန်ရှိသူတွေ နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ချက်ချင်းစုံစမ်း ဖော်ထုတ်ပြီး သူတို့ရဲ့နေရပ်လိပ်စာ တွေကိုစုံစမ်းတဲ့အခါ အမှန်တကယ် နေထိုင်ခြင်းမရှိဘဲ သူတို့ရဲ့ နေရပ် လိပ်စာအမှားတွေ ပေးထားတာကို သိရပါတယ်။ ဒါကြောင့် ခုချိန်ထိဖမ်း ဆီးရမိခြင်းမရှိသေးတဲ့အတွက် ၂ဝ၁၃ ခုနှစ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ မြဝတီရဲစခန်း မှာအမှုဖွင့်ထားပါတယ်''ဟု အဆိုပါ Quarantine စခန်းတာဝန်ခံမြဝတီ ခရိုင်မီးသတ်ဦးစီးမှူး ဦးဖြိုးမင်းဇော် က ပြောသည်။
ထွက်ပြေးသွားသော အဆိုပါ ရှစ်ဦးမှာ ခိုင်လုံသည့်အထောက်အ ထားမရှိဘဲ မဲဆောက်မြို့နယ်အတွင်း အလုပ်လုပ်နေသူများဖြစ်ပြီး ထိုင်းရဲ တပ်ဖွဲ့ကဖမ်းဆီးခံရကာ မြန်မာဘက် သို့ ပြန်လည်လွှဲပြောင်းပေးသူများ ဖြစ်ကြောင်း သိရသည်။
















