ကျောက်ဆည်မြို့နယ်တွင် ၁၃ နှစ်အရွယ်ညီမငယ်ကိုအကို၀မ်းကွဲက သားမယားပြုကျင့်မှုကို ဖမ်းဆီးအရေးယူထားကြောင်း စက်တင်ဘာ ၁၈ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
မန္တလေးတိုင်း၊ကျောက်ဆည်မြို့နယ်နေ အသက် (၄၃)နှစ်၊အရွယ် အမျိုးသမီးသည် သြဂုတ်လအတွင်းက ကျောက်ဆည်ပြည်သူ့ဆေးရုံကြီးတွင်တက်ရောက်မီးဖွားခဲ့ရ၍ ခင်ပွန်းဖြစ်သူမှလာရောက်ပြုစုကာ နေအိမ်တွင် ကျန်ရစ်ခဲ့သည့် သက်(၁၃)နှစ်နှင့် (၁၀)နှစ်အရွယ် သမီး ၂ ဦးကို ဆွေမျိုးများကကြည့်ရှုပေးခဲ့ရသည်။ဆေးရုံဆင်းပြီးတစ်လခန့်အကြာတွင် အသက် ၁၃ နှစ်အရွယ် သမီးမှာ အော့အန်ခြင်း၊ထမင်းမစားခြင်း မကြာခဏမူးဝေခြင်းတို့ဖြစ်သောကြောင့်စစ်ဆေးကြည့်ရာ ကိုယ်ဝန်ရှိနေကြောင်း သိရှိရ၍ သမီးဖြစ်သူအား မေးမြန်းခဲ့သည်။
အိမ်နီးချင်းနေ အစ်ကိုတစ်ဝမ်းကွဲတော်စပ်သူ ကိုညီလေး ၂၇ နှစ်က မိခင်မရှိသည့်အချိန်များတွင် နေအိမ်၌ သားမယားအဖြစ် ၂ ကြိမ်ပြုကျင့်ခဲ့ကြောင်းပြောပြသိရသဖြင့် အရေးယူပေးရန် စက်တင်ဘာ ၁၆ ရက်နေ့တွင် တိုင်ကြားခဲ့သည်။
အသက်(၁၃)နှစ်အရွယ် ညီမတစ်ဝမ်းကွဲတော်စပ်သူကို သားမယားပြုကျင့်ခဲ့သူ ကိုညီလေးအား ကျောက်ဆည်မြို့မရဲစခန်းက(ပ)၇၂၂/၂၀၂၀)ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ ဖြင့်အမှုဖွင့်ဖမ်းဆီးအရေးယူထားကြောင်းသိရသည်။

















