မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် မြို့တွင် COVID-19 ပိုးတွေ့လူနာနှင့် ထိတွေ့မှုရှိခဲ့၍ ပုဂ္ဂလိကဆေးရုံရှိ ပြင်ပ လူနာ ကုသခြင်းအား ယာယီပိတ်သိမ်း ထားရန် ပြင်ဦးလွင် ကျန်းမာရေးသတင်း မှန် ထုတ်ပြန်ရေးအဖွဲ့မှ စက်တင်ဘာ ၁၆ ရက် ညနေပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
စက်တင်ဘာ ၁၄ ရက်က COVID-19 ပိုးတွေ့လူနာစာရင်း၌ ပြင်ဦးလွင်မြို့ အာရောဂျံ အထူးကုဆေးရုံမှ မျက်စိအ ထူးကုဆရာဝန်နှင့် နှလုံးခွဲစိတ် ဆရာဝန် တို့တွင် COVID-19 ရောဂါပိုးတွေ့ရှိဆို သည့် သတင်းများ ထွက်ပေါ်လာပြီးနောက် ပိုင်း အထက်ပါအတိုင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
၎င်းဆရာဝန်နှစ်ဦးသည် စက်တင် ဘာ ၆ ရက် နံနက်ပိုင်းက နှလုံးရောဂါ ဌာနတွင် လူနာသုံးဦးအား စစ်ဆေးကုသ ပေးခဲ့သည်ကို စစ်ဆေးတွေ့ရှိရကြောင်း အဆိုပါ ဆရာဝန်နှစ်ဦး ပိုးတွေ့သည်ဟု သိသည့်နေ့တွင် သက်ဆိုင်ရာ တိုင်းဒေ သကြီး ကျန်းမာရေးဌာနသို့ အချိန်မီသ တင်းပေးပို့ခဲ့ကြောင်း သိရသည်။
ထိုသို့ ထိစပ်မှုရှိသော လူနာသုံးဦး အား စာရင်းပြုစု ဆက်သွယ်ခဲ့ပြီး တာဝန် ကျသော သူနာပြုများအပါအဝင် ထိတွေ့ ဆက်စပ်သူများကိုလည်း နှာခေါင်း၊ အာ ခေါင်တို့ဖတ်ယူပြီး စစ်ဆေးမည်ဖြစ် ကြောင်း သိရသည်။
ထို့အပြင် ပြင်ပလူနာကြည့်ရှုမှုကို ပိတ်ထားပြီး ဆေးရုံရှိဝန်ထမ်းများအား Home Quarantine ထားရှိပြီး ဆောင် ရွက်လျက်ရှိကြာင်း၊ ပြင်ဦးလွင် အာရောဂျံ အထူးကုဆေးရုံတာဝန်ခံ ဒေါက်တာဒေါ်မိ မိလေးက ၎င်း၏ လူမှုကွန်ရက်စာမျက် နှာတွင် ရေးသားထားသည်။
စက်တင်ဘာ ၁၇ ရက်အထိ COVID-19 အတည်ပြုလူနာများနှင့် ထိတွေ့မှု ရှိသူများအား သာမဏေကျော်တောရ တွင် အသွားအလာ ကန့်သတ်ထားကာ လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်မည် ဖြစ်ကြောင်း ပြင်ဦးလွင်ခရိုင် ဆရာဝန် ကြီး ဒေါက်တာသန်းဝင်းက ကျန်းမာရေး သတင်းမှန် လူမှုကွန်ရက် စာမျက်နှာမှ တစ်ဆင့် ပြည်သူသို့ ပြန်လည်ရှင်းပြခဲ့ သည်။
















