တရုတ်ရှိ ဓာတ်ခွဲခန်းတစ်ခုမှတစ်ဆင့် ဘက်တီးရီးယားရောဂါတစ်မျိုး လူထောင်ပေါင်းများစွာ ကူးစက်ခံရ 

တရုတ်ရှိ ဓာတ်ခွဲခန်းတစ်ခုမှတစ်ဆင့် ဘက်တီးရီးယားရောဂါတစ်မျိုး လူထောင်ပေါင်းများစွာ ကူးစက်ခံရ 

တရုတ်နိုင်ငံအနောက်မြောက်ပိုင်းရှိ နိုင်ငံပိုင် ဇီဝဆေးဝါးထုတ်လုပ်ရေးစက်ရုံတစ်ရုံမှတစ်ဆင့် ဘက်တီးရီးယားပျံ့နှံ့မှုကြောင့် လူထောင်ပေါင်းများစွာ ရောဂါကူးစက်ခံထားရကြောင်း သိရသည်။ 

တိရစ္ဆာန်မှ လူသို့ကူးစက်သည့် ဘရူဆယ်လိုစစ်ကူးစက်ခံထားရသူ ၃၂၄၅ ဦးရှိနေကြောင်း လန်ကျိုးမြို့ရှိ ကျန်းမာရေးအရာရှိများကပြောဆိုခဲ့သည်။

ကူးစက်ခံရသူများသည် အဖျားတက်ခြင်း၊ အဆစ်အမြစ်ကိုက်ခဲခြင်းနှင့် ခေါင်းကိုက်ခြင်း အစရှိသည့် ဝေဒနာများခံစားရတတ်သည်။

ဆေးဝါးစက်ရုံသည် တိရစ္ဆာန်များအတွက် ဘရူဆယ်လာ ကာကွယ်ဆေးထုတ်လုပ်နေခြင်းဖြစ်ပြီး ယမန်နှစ် ဇူလိုင်နှင့် သြဂုတ်တို့တွင် သက်တမ်းကုန်နေသော ပိုးသတ်ဆေးများကို အသုံးပြုခဲ့မိရာမှ ပိုးများပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။