ထိုင်း၌ ရက် ၁၀၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် COVID-19 ဖြင့်သေဆုံးသူတစ်ဦးရှိ

ထိုင်း၌ ရက် ၁၀၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် COVID-19 ဖြင့်သေဆုံးသူတစ်ဦးရှိ

ထိုင်းနိုင်ငံ၌ စက်တင်ဘာ ၁၈ ရက်တွင် COVID-19 ဖြင့် သေဆုံးသူတစ်ဦးရှိခဲ့ပြီး ယင်းသည် ရက် ၁၀၀ ကျော်အတွင်း COVID-19 ဖြင့် ပထမဆုံးသေဆုံးမှုဖြစ်ကြောင်း ကျန်းမာရေးအရာရှိတစ်ဦးကပြောဆိုခဲ့သည်။

သေဆုံးသူသည် ထိုင်းအလုပ်သမားဝန်ကြီးဌာနအတွက် အလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး ဆော်ဒီ၌ အခြေစိုက်သည့် စကားပြန်တစ်ဦးဖြစ်သည်။

အသက် ၅၄ နှစ်အရွယ် အဆိုပါအမျိုးသားကို ဘန်ကောက်ရှိ ဆေးရုံတစ်ရုံ၌ ရက်သတ္တပတ်နှစ်ပတ်ကြာကုသပေးခဲ့ပြီး စက်တင်ဘာ ၁၈ ရက်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။