မြိတ်၊ စက်တင်ဘာ (၁၉) - ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ စက်တင်ဘာလ ၁၈ ရက်နေ့ ညပိုင်းက ထုတ်ပြန်ချက် အရ ကိုဗစ်ပိုးတွေ့ရှိသူ ၁၆၈ ဦးထဲက တနင်္သာရီတိုင်း အတွင်းက သံဃာ်တော် နှစ်ပါး အပါဝင် ၅ ဦး ထပ်မံ တွေ့ရှိရကြောင်း သိရ သည်။
အဆိုပါ ၅ ဦးမှာ ရန်ကုန်မှ ပြန်လာသူများ ဖြစ်ကာ ထားဝယ်နှင့် မြိတ်မြို့နယ်တို့တွင် အသွား အလာ ကန့်သတ်ထားသူ Quarantine ဝင်နေသူများ ဖြစ်သည်ဟု သိရ သည်။
ယင်း အတည်ပြု ၅ ဦးမှာ ထားဝယ်မှ ၁ ဦးနှင့် မြိတ်မြို့မှ ၄ ဦး ဖြစ်ပြီး၊ သက်ဆိုင်ရာ မြို့နယ်ရှိ ပြည်သူ့ဆေးရုံတို့တွင် ပို့ဆောင်ထားကြောင်း သိရ သည်။
ထိုကြောင့် တနင်္သာရီတိုင်းဒေသကြီး အတွင်း၌ ကိုဗစ်ပိုး ရောဂါ ကူးစက်ခံရသူများမှာ စက်တင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်း အထိ ထားဝယ်ခရိုင်တွင် ၄ ဦး၊ မြိတ်ခရိုင်တွင် ၉ ဦးနှင့် ကော့သောင်းခရိုင်တွင် ၄ ဦး စုစုပေါင်း ၁၇ ဦး အထိ ရှိနေပြီး၊ ယင်း အထဲမှ ၁၁ ဦးမှာ ပြည်တွင်း ကူးစက်ခံရသူများ ဖြစ်ကာ ကျန် ၆ ဦးမှာ ပြည်ပမှ ပြန်လာသူများ ဖြစ်ကြောင်း သိရ သည်။
















