ရှမ်းပြည်နယ်(တောင်းပိုင်း)၊တောင်ကြီးမြို့တွင် လမ်းလျှောက်နေ သောအမှတ်(၁၄)ရဲသတင်းတပ်ဖွဲ့ခွဲမှရဲတပ်သား ၃ ဦးကိုမော်တော်ယာဉ်ဖြင့်ဝင်တိုက်မိပြီးမောင်းနှင်ထွက်ပြေးသူကိုဖမ်းဆိးရမိခဲ့ကြောင်း စက်တင်ဘာ ၁၉ ရက်နေ့တွင် ရဲတပ်ဖွဲ့မှ သိရသည်။
စက်တင်ဘာ၁၇ရက်ည၈နာရီခန့်တွင်၊ )၊တောင်ကြီးမြို့ သစ်တောရပ်ကွက် ၊ နီလာရိုးမ၊ဓာတ်ဆီဆိုင်အနီး၊ဗိုလ်ချုပ်လမ်းအတိုင်း သတင်းတပ်ဖွဲ့မှ ရဲတပ်သားအောင်ညီညီဇင် ၊ သီဟအောင်နှင့်အောင်ရဲဇော် ၃ဦးတို့သည်ရုံးမှနေအိမ်တန်းလျားသို့လမ်းလျှောက်ပြန်ခဲ့သည်။
ထိုသို့ပြန်လာစဉ်နီလာရိုးမဓာတ်ဆီဆိုင်အနီးအရောက်တွင်ယာဉ်တစ်စီးက ဝင်တိုက်ကာမောင်းနှင်ထွက်ပြေးခဲ့သည်။ယာဉ်ဖြင့်တိုက်ခံရသောကြောင့် ရဲတပ်သား အောင်ညီညီဇင်တွင် ဝဲဦးခေါင်း ပေါက်ပြဲ၊ ဝဲ/ယာ နားရွက်ပြတ်ရှ၊ယာပုခုံးပေါက်ပြဲ၊ဝဲယာခြေသလုံးပွန်းပဲ့ဒဏ်ရာ(စိုးရိမ်ရ)၊ရဲတပ်သားသီဟအောင်တွင် ဝဲမျက်နှာပွန်း ၊ ယာပေါင် ပေါက်ပြဲနာကျင် ၊ ဝဲ/ယာ ခြေထောက်ပေါက်ပြဲ ဒဏ်ရာ နှင့် ရဲတပ်သား အောင်ရဲဇော်တွင် ဝဲဦးခေါင်းဂျိုစောင်း ပေါက်ပြဲ ၊ယာခြေထောက်ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့သည်။
၎င်းတို့ ၃ ဦးကို ပြည်သူ့ဆေးရုံသို့ပို့ ခဲ့ပြီး ယာဉ်ထွက်ပြေးသူကိုအရေးယူပေးရန်တိုင်ကြားခဲ့သည်။တောင်ကြီးမြို့မရဲစခန်းယာဉ်(ပ)၂၁/၂၀၂၀ရာဇသတ်ကြီးဥပဒေပုဒ်မ၂၇၉/၃၃၇/၃၃၈/၂၀၂အရအမှုဖွင့်လှစ်ခဲ့ပြီးကားဖြင့်တိုက်ပြေးသွားသူကိုစုံစမ်းရာတောင်ကြီးမြို့၊ဟော်ကုန်းရပ်ကွက်၊မဟာဗန္ဓုလလမ်းအိမ်အမှတ်(၁၀)နေခွန်ကျော်ခေါင် (ခ) တခေါင်(၂၇) နှစ်ဆိုသူဖြစ်ကြောင်းသိရပြီး ၎င်းကို စက်တင်ဘာ ၁၈ ရက်နေ့ ညနေ ၅ နာရီတွင် ဖမ်းဆီးခဲ့ပြီးဆက်လက် အရေးယူထားသည်။
















