မသင်္ကာဖွယ်ယာဉ်ကို စစ်ဆေးစဉ် ယာဉ်မောင်းထံမှ ပစ္စတိုသေနတ်တစ်လက်တွေ့ရှိ

မသင်္ကာဖွယ်ယာဉ်ကို စစ်ဆေးစဉ် ယာဉ်မောင်းထံမှ ပစ္စတိုသေနတ်တစ်လက်တွေ့ရှိ

တာချီလိတ်မြို့တွင် မသင်္ကာဖွယ် တွေ့ရသည့်ယာဉ်ကို စစ်ဆေးရာက ယာဉ်မောင်းထံမှ ပစ္စတိုတစ်လက်တွေ့ရှိခဲ့မှုကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း စက်တင်ဘာ ၁၉ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။

စက်တင်ဘာ ၁၈ ရက်နံနက်၃နာရီ အချိန်တွင် တာချီလိတ်ခရိုင်၊တာချီလိတ် မြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီးကျော်မင်းနိုင်နှင့်အဖွဲ့ကတာချီလိတ်မြို့ပေါ်ရပ်ကွက်များအတွင်းလှည့်ကင်းဆောင်ရွက်နေစဉ်တာချီလိတ်မြို့၊ဆန်ဆိုင်း(က)ရပ်ကွက်၊ရီဂျီးနားဟိုတယ်အနီးဂေါက်ကွင်းဝမ်မိုင်ရွာသွားလမ်းကုန်းအဆင်းမသင်္ကာဖွယ်ရပ်ထားသည့် TOYOTAHILUXRevo အမျိုးအစားယာဉ်ကိုစစ်ဆေးခဲ့သည်။

ယာဉ်ရှေ့ခန်းရှိယာဉ်မောင်းထိုင်ခုံတွင်ထိုင်နေသူမှာ၊တာလေမြို့နယ် ၊မိုင်းလင်းအရှေ့ကျေးရွာအုပ်စု၊နမ့်ခမ်း"၀"ကျေးရွာနေ ညီထိုင်း(၃၈)နှစ်ကိုမသင်္ကာဖွယ်တွေ့ရှိသဖြင့် ဆက်လက်ရှာ ဖွေရာ၎င်းထိုင်ခုံဘေးရှိချည်လွယ်အိတ်အတွင်း၌ထည့်ထားသော MadeInUSA စာတမ်းပါ colt အမျိုးအစားပွိုင့် ၄၅ ပစ္စတို(၁)လက်၎င်းကျည်(၈)တောင့်၊ကျည်အိမ်(၁)ခုတို့ကို ရှာဖွေတွေ့ရှိခဲ့သည်။

မော်တော်ယာဉ်နှင့်လက်နက်ခဲယမ်းတို့အားသက်သေများရှေ့တွင်ရှာဖွေပုံစံဖြင့်ရေးသွင်းသိမ်းဆည်းခဲ့ပြီး ညီထိုင်းအား တာချီလိတ်မြို့မရဲစခန်းက(ပ)၃၃၂/၂၀၂၀ရှမ်းလက်နက်ဥပဒေပုဒ်မ ၁၂(က)/၁၂(ဂ) အရအမှုဖွင့်အရေးယူထားသည်။