ပဲခူးရိုးမတောင်ပေါ် ရဲနွယ်ကြိုးဝိုင်းတွင်ဆင်ရိုင်း၀င်အောင်းစဉ် ဆင်းဦး စီးအရံ သစ်ကိုင်းနှင့်ရိုက်မိသေဆုံးခဲ့မှုကို အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း စက်တင်ဘာ ၂၀ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
စက်တင်ဘာ၁၈ရက်ညနေ၅နာရီခွဲအချိန်ခန့်တွင် ကျောက်တံခါးမြို့နယ်၊ပဲခူးရိုးမတောင်ပေါ်ရဲနွယ်ကြိုးဝိုင်းအကွက်အမှတ် (၉၄ ) ဆင်ရေကန် (ဆင်စခန်း)တွင်မွေးမြူထားသောဆင်အုပ်အတွင်းသို့တောဆင်ရိုင်းများမှဝင်ရောက်လာစဉ်သစ်ကိုင်းများဖြင့်ရိုက်မိပြီးလူတစ်ဦးသေဆုံးကြောင်း သတင်းအရဖဒိုနယ်မြေစခန်းမှုးရဲအုပ်အောင်မြင့်ဦးနှင့်အဖွဲ့က သွားရောက် စစ်ဆေးခဲ့သည်။
စုံစမ်းချက်အရ သေဆုံးသူမှာ ၊မြို့ချောင်းကျေးရွာနေ ၊ဆင်ရေကန် ဆင်စခန်းမှ၊ဆင်ဦးစီးအရံ ဦးစိုးမြင့် (၅၅)နှစ်ဖြစ်ပြီးစက်တင်ဘာ ၁၈ ရက်မွန်းလွဲ ၁ နာရီခွဲအချိန်တွင် ဆင်ရေကန်တွင်အတူနေသူဦးလှမင်း၊ဆင်ဦးစီးအကူ၊ကျော်သူစိုး၊ဆင်ဦးစီး၊မျိုးမြင့်၊ဆင်ဦးစီးတို့နှင့်အတူ တောဆင်ရိုင်းအုပ်အတွင်းရှိ ဆင်ရေကန်တွင်မွေးမြူထားသောဆင်များကို ဝင်ရောက် ခေါ်ဆောင်ခဲ့ပြီးဆင်ရိုင်းများကိုမောင်းထုတ်စဉ် ဆင်ရိုင်းတစ်ကောင်က ဦးစိုးမြင့်နှင့်မျက်နှာချင်းဆိုင်တွေ့ပြီးဝင်အောင်းခဲ့သည်။ထိုသို့ဝင်အောင်းစဉ် ဘေးရှိသစ်ကိုင်းနှင့်ရိုက်မိပြီးပါးစပ်နှင့်နှာခေါင်းတို့မှ သွေး နှင့် အမြှုပ်များ ထွက်၍ ဦးခေါင်းနှောက်စေ့ ပေါက်ပြဲဖူးယောင်ဒဏ်ရာရရှိကာအခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
သေဆုံးသူ၏ရုပ်အလောင်းကိုမြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့အပ်ရာ ပီအာရ် ၂၈ ဖြင့် လက်ခံထားပြီး ဖဒိုနယ်မြေရဲစခန်းကသေမှုသေခင်းအမှတ်စဉ်(၂၄/၂၀၂၀အရ အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

















