ဇီးပင်ကြီးကျေးရွာ Facility Quarantine  Centre သို့ ကျပ်သိန်း ၁၈ဝ ကျော်တန်ဖိုးရှိပစ္စည်းများလှူဒါန်း

ဇီးပင်ကြီးကျေးရွာ Facility Quarantine  Centre သို့ ကျပ်သိန်း ၁၈ဝ ကျော်တန်ဖိုးရှိပစ္စည်းများလှူဒါန်း

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် မြို့နယ် ဇီးပင်ကြီးကျေးရွာအုပ်စုရှိ ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) Facility Quarantine  Centre သို့ မန္တလေးမြို့ ရှိ စားသောက်ကုန်လုပ်ငန်းရှင်များစု ပေါင်း၍ ငွေကျပ်သိန်း ၁၈ဝ ကျော် တန်ဖိုးရှိ စားသောက်ကုန်များကို စက် တင်ဘာ ၁၈ ရက် မွန်းလွဲ၂ နာရီက သွားရောက်လှူဒါန်းခဲ့ကြသည်။ 

ယခုလှူဒါန်းခြင်းသည် ဒုတိယအ ကြိမ်မြောက်ဖြစ်ပြီး ကိုဗစ်အတည်ပြု လူနာများ၏မိသားစုဝင်များ၊လူနာများ နှင့်ထိတွေ့ပတ်သက်ခဲ့ဖူးသူများ Quarantine Centre ၌အသွားအလာကန့် သတ်၍ စောင့်ကြည့်စစ်ဆေးခံနေစဉ် အတွင်း နေ့စဉ်စားသောက်ရေးပိုမိုအ ဆင်ပြေစေရန်အတွက် ရည်ရွယ်ကာ စားသောက်ကုန်များနှင့် အဓိကလိုအပ် သည့် သောက်ရေသန့်ဘူးများကို ဦးစားပေးလှူဒါန်းရခြင်းဖြစ်ကြောင်း သိရသည်။

''ပြီးခဲ့တဲ့ရက်ပိုင်း ပထမအကြိမ် လာတုန်းက Quarantine ဝင် ရောက်နေတဲ့ လူဦးရေ ၂ဝဝ ကျော် အတွက်ပဲ စုစုပေါင်းကျပ် ၁ဝ သိန်းဖိုး တန်ဖိုးရှိတဲ့စားသောက်ကုန်တွေလာ လှူဒါန်းရင်း ဒီစင်တာရဲ့ အဓိကလိုအပ် ချက်တွေကို မေးမြန်းခဲ့ပါတယ်။ စင်တာ မှာ တာဝန်ကျနေတဲ့ကျန်းမာရေးဝန်ထမ်း တွေရဲ့ပြောကြားချက်အရQuarantine ဝင်ရောက်နေသူတွေအတွက် တစ်လီတာရေသန့်ဘူးတွေနဲ့ Wipes တစ်ရှူးစက္ကူလိပ်တွေအများအပြား လိုအပ်နေတယ်ဆိုတာ သိခဲ့ရတာကြောင့် မို့ အခုဒုတိယအကြိမ်မြောက်မှာလိုအပ်တာတွေကို ဦးစားပေးပို့လှူဖြစ် တာပါ။ ပထမအကြိမ်လှူတုန်းက မလှူ လိုက်ရတဲ့မိတ်ဆွေလုပ်ငန်းရှင်တွေက အနယ်နယ်အရပ်ရပ်ကနေ သူတို့ထုတ် တဲ့စားသောက်ကုန်တွေကို လှမ်းပို့လှူ ဒါန်းကြ၊အလှူငွေတွေလှမ်းထည့်ကြတဲ့အတွက် ဒီတစ်ခေါက်မှာတော့ ကျပ် သိန်း ၁၈ဝ ဖိုးအထိ လှူဒါန်းခွင့်ရရှိတာ ဖြစ်လို့ အင်မတန်ပီတိဖြစ်စရာကောင်း သလို Quarantine ဝင်နေတဲ့သူတွေ အတွက်လည်း သူတို့ကိုအလှူရှင်တွေ၊ ပရဟိတသမားတွေကဝိုင်းဝန်းကူညီပေးနေကြတယ်ဆိုတာသိပြီးတော့ စိတ် အားတက်စေမယ်လို့ယုံကြည်ပါတယ်'' ဟု မန္တလေးမြို့ မေမြင့်စားသောက်ကုန် လုပ်ငန်းမှတည်ထောင်သူ ဦးစိုးရာဇာ ဝင်းက ပြောကြားသည်။

ယခုလှူဒါန်းရာတွင် ဒေါ်လှတင်စား သောက်ကုန်လုပ်ငန်းမှ ကျပ်သိန်း ၆ဝ တန်ဖိုးရှိ ဝက်အူချောင်းများ၊ ရှမ်း ရွှေတောင်မှ ကျပ် ၃၂ သိန်းတန်ဖိုးရှိ ရှူးရှဲလက်ဖက်နှင့် အကြော်စုံ၊Yathar Wathiကုမ္ပဏီလီမိတက်မှ ကျပ် သိန်း ၅ဝ တန်ဖိုးရှိ အော်ဂဲနစ်ပလိုင်း တံဆိပ်လက်ဖက်ပုလင်းများ၊ ရွှေထက် စားသောက်ကုန်မှ ငွေကျပ်ခြောက် သိန်းတန်ဖိုးရှိ ငါးလေးခြောက်ကြော် ထုပ်များ၊ စကားမွှေးစားသောက်ကုန်မှ Hello Taste Me ဆန်ပြုတ်ထုပ်များ၊ မြတ်ဆွမ်းအုပ်လူသုံးကုန်နှင့် Natural Beauty လူသုံးကုန်တို့မှ ဆပ်ပြာ၊ ခေါင်းလျှော်ရည်ဘူးများနှင့် အလှူ ရှင်များအသီးသီး၏ ယိုမျိုးစုံ၊ဓာတ်ဆား ရည်ဘူးများ၊ ပုစွန်ခြောက်ကြော်၊ ဆန် ခွေကြော်များလည်း ပါဝင်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး