ဖြူးမြို့တွင် WaveMoney ငွေကျပ်သိန်း ၂၀ လွှဲခိုင်းကာ ငွေလိမ်လည်ခဲ့သူကို ဖမ်းဆီးအရေးယူထားကြောင်း စက်တင်ဘာ ၂၀ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
စက်တင်ဘာ ၁၉ ရက်မွန်းလွဲ ၁၂ နာရီခွဲ. အချိန်ခန့်တွင် ၊တောင်ငူခရိုင်၊ဖြူးမြို့၊စျေးရပ်ကွက်နေ ဦးရဲအောင်သည် ၎င်းပိုင်ဆိုင်သည့် ဖုန်းဆိုင်တွင် ရှိနေစဉ်ကျည်းမနိုးကျေးရွာအုပ်စု၊ထန်းလက်ကုန်းကျေးရွာနေမခင်မိုးဝေဆိုသူ ရောက်လာပြီး ၎င်းကိုင်ဆောင်သည့် ဖုန်းနံပါတ်ကိုပေးကာ ငွေသိန်း(၃၀)ကျပ်ကို WaveMoney ဖြင့် အခြားဖုန်းနံပါတ်တစ်ခုသို့ ငွေလွှဲပေးရန်ပြောဆိုခဲ့သည်။
ဦးရဲအောင်သည် WaveMoney ဖြင့် ငွေ(၁၀)သိန်းကျပ်ကို(၂)ကြိမ်၊စုစုပေါင်းသိန်း(၂၀)ကျပ် ငွေလွှဲပြီးချိန်တွင် ၎င်းလွှဲခိုင်းသည့်ငွေသိန်း(၃၀)ကျပ်ကိုပေးချေရန်တောင်းရာ မခင်မိုးဝေက လောလောဆယ် ငွေ ၆၀၀၀ ကျပ်သာ ပါလာကြောင်းပြောဆိုခဲ့သည်။ လွှဲခဲ့ပြီးသည့် ငွေသိန်း ၂၀ ပြန်ထုတ်ရန်ပြောသည့်အခါ ကျပ်သိန်း ၂၀ ကို တစ်ဖက်က ချက်ချင်းထုတ်ယူသွားပြီဖြစ်ကြောင်း ဖုန်း Message မှ သိရှိခဲ့ရသောကြောင့် ငွေများလွှဲပေးပြီး နောက်ပေးအပ်ရမည့်သိန်း ၂၀ ကို ပေးအပ်ခြင်းမရှိဘဲလိမ်လည်၍ငွေလွှဲခိုင်းခဲ့သူမခင်မိုးဝေကို အရေးယူပေး ရန်တိုင်ကြားခဲ့သည်။
ဖြူးမြို့မရဲစခန်း(ပ)၃၆၉/၂၀၂၀၊ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆(ဂ)အရမခင်မိုးဝေ (၃၀) နှစ်ကို အမှုဖွင့်အရေးယူထားသည်။

















