Fever Clinic Monywa ကို စက်တင်ဘာ၂၁ ရက်၌  ဒုတိယအကြိမ်အဖြစ် မုံရွာမြို့ လူငယ်စင်တာတွင် ဖွင့်လှစ်မည်

Fever Clinic Monywa ကို စက်တင်ဘာ၂၁ ရက်၌  ဒုတိယအကြိမ်အဖြစ် မုံရွာမြို့ လူငယ်စင်တာတွင် ဖွင့်လှစ်မည်

Fever Clinic Monywa ကို စက်တင်ဘာ ၂၁ ရက်၌ ဒုတိယအ ကြိမ်အဖြစ် မုံရွာမြို့လူငယ်စင်တာတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံ ဆရာဝန်အသင်း(မုံရွာ) နာယက ဒေါက်တာဝင်းမော် (စိုပြေဆေးရုံ)ထံ မှ သိရသည်။

''Fever Clinic ကို ပြန်ဖွင့်ရင် အရင်ဖွင့်တုန်းကလို မြန်မာနိုင်ငံ ဆရာဝန်အသင်း(မုံရွာ)နဲ့အတူ စစ်ကိုင်းတိုင်းလူငယ်ရေးရာကော်မတီ Save Monywa - Monywa Rescue နဲ့စေတနာ့ဝန်ထမ်းလူငယ်တွေ ပူး ပေါင်းဆောင်ရွက်ကြမှာဖြစ်ပါတယ်။မုံရွာမှာပုဂ္ဂလိကဆေးရုံ ၁ဝ ရုံရှိတယ်။ဆေးရုံတစ်ရုံက တစ်လကိုဆရာဝန် တစ်ဦးက တစ်ရက် တာဝန်ယူပေးကြ မှာဖြစ်ပါတယ်။ ဒါက အခုဒုတိယအ ကြိမ်ပြန်ဖွင့်ရာမှာ မဖြစ်မနေတာဝန် ယူဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ကျန်တာက အရင်လိုပြင်ပဆရာဝန် တွေက စေတနာနဲ့လာထိုင်ကုသပေး ကြမှာဖြစ်ပါတယ်''ဟု ဒေါက်တာဝင်းမော် ကပြောသည်။

Fever Clinic Monywa ကို ကိုဗစ်ကာလ ၂ဝ၂ဝ ပြည့်နှစ် မေ ၁ ရက်က ဖွင့်လှစ်ခဲ့ပြီး ဖျားနာသူများအား အဓိကထားကုသပေးရာ ဇွန်လကုန်တွင် နားခဲ့ပြီး ယခုဒုတိယအကြိမ်ပြန်ဖွင့်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။

Fever Clinic Monywa ကို တစ်ပတ်လျှင် ဗုဒ္ဓဟူးနှင့်တနင်္ဂနွေနေ့ နှစ်ရက်ပိတ်မည်ဖြစ်ပြီး ဖွင့်ရက် ငါး ရက်တွင် နံနက် ၉ နာရီမှ ၁၁ နာရီအထိ ဖွင့်လှစ်ကုသပေးမည်ဖြစ်သည်။ဆေး ခန်းပြသလိုသည့် လူနာများအနေဖြင့် ဆေးခန်း၏ Hot Line ဖုန်းနံပါတ် ဝ၉-၆၆ဝဝ၁ဝဝဝဝ သို့ဖုန်းဆက်၍ ကြိုတင်စာရင်းပေးသွင်းရန်လိုအပ် ကြောင်း သိရသည်။