အမေရိကန်ပြည်ထောင်စု၌ တစ်ရက်အတွင်း COVID-19 ရှိမရှိစစ်ဆေးမှု တစ်သန်းကျော်ဖြင့် စံချိန်တင်

အမေရိကန်ပြည်ထောင်စု၌ တစ်ရက်အတွင်း COVID-19 ရှိမရှိစစ်ဆေးမှု တစ်သန်းကျော်ဖြင့် စံချိန်တင်

အမေရိကန်ပြည်ထောင်စု၌ တစ်ရက်အတွင်း COVID-19 ရှိမရှိစစ်ဆေးမှု တစ်သန်းကျော်ဖြင့် စံချိန်တင်ခဲ့ကြောင်း စေတနာ့ဝန်ထမ်းများပါဝင်သည့် COVID-19 ခြေရာခံမှုစီမံကိန်းအရသိရသည်။

သို့သော် အမေရိကန်ပြည်ထောင်စု၌ COVID-19 ကူးစက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် တစ်ရက်လျှင် စစ်ဆေးမှု ခြောက်သန်းမှ ၁၀ သန်းအထိ ပြုလုပ်ရန် လိုအပ်ကြောင်း ဗိုင်းရပ်စ်ကျွမ်းကျင်သူများကပြောဆိုခဲ့သည်။

အမေရိကန်ပြည်ထောင်စု၌ စက်တင်ဘာ ၁၉ ရက်တွင် COVID-19 ရှိမရှိစစ်ဆေးမှု ၁,၀၆၁,၄၁၁ ကိုပြုလုပ်ခဲ့ကြောင်း အဖွဲ့ကပြောဆိုခဲ့သည်။ အမေရိကန်၌ စက်တင်ဘာ ၁၃ ရက်တွင် အဆုံးသတ်သည့် တစ်ပတ်အတွင်း တစ်ရက်လျှင် လူ ၆၅၀,၀၀၀ ခန့်ကို စစ်ဆေးမှုပြုလုပ်ခဲ့သည်။ ဇူလိုင်အကုန်ပိုင်းတွင် တစ်ရက်လျှင် လူ ၈၀၀,၀၀၀ ကျော်ကို စစ်ဆေးမှုပြုလုပ်ခဲ့သည်။

ကူးစက်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ စစ်ဆေးမှုအားနည်းသောကြောင့် ကူးစက်မှုတားဆီးရေးလုပ်ဆောင်မှုများ မထိရောက်ခဲ့ချေ။ နွေရာသီအတွင်း ဟူစတန်မြို့နေများသည် COVID-19 ရှိမရှိစစ်ဆေးမှုခံယူရန်အတွက် မော်တော်ယာဉ်များထဲတွင် နာရီပေါင်းများစွာ စောင့်ဆိုင်းခဲ့ရပြီး မိုင်ယာမီ၌လည်း အလားတူဖြစ်ပွားခဲ့သည်။

စစ်ဆေးမှုခံယူပြီးနောက် လူများသည် ၎င်းတို့ဗိုင်းရပ်စ်ကူးစက်ခံထားရခြင်းရှိမရှိကို သိရှိရန် ရက်သတ္တပတ်နှစ်ပတ်စောင့်ဆိုင်းကြရသည်။ အမေရိကန်ပြည်ထောင်စု၌ COVID-19 ဖြင့်သေဆုံးသူ ၂၀၀,၀၀၀ ကျော်နှင့် ကူးစက်သူ ၆ ဒသမ ၇ သန်းကျော်ရှိနေသည်။ စစ်ဆေးပြီး ရလဒ်ထွက်ရန် ရက်များစွာစောင့်ဆိုင်းရမှုကြောင့် နောက်ထပ်ကူးစက်မှုတားဆီးရေး လုပ်ဆောင်မှုများ ထိခိုက်ခဲ့ရသည်။

အရေးပေါ်အခြေအနေတွင် နှာခေါင်းနှင့် အာခေါင်တို့ဖတ်နမူနာမူဘဲ တံတွေးနမူနာဖြင့်သာ စစ်ဆေးရန် အစားအသောက်နှင့် ဆေးဝါးအုပ်ချုပ်ရေးအဖွဲ့က ခွင့်ပြုထားပြီးဖြစ်သည်။