မြေကျင်းတူးရာက ဗုံးသီး တစ်လုံးတွေ့ရှိ ရှော့တိုက်ဖောက်ခွဲဖျက်ဆီး

မြေကျင်းတူးရာက ဗုံးသီး တစ်လုံးတွေ့ရှိ ရှော့တိုက်ဖောက်ခွဲဖျက်ဆီး

ကျောက်မဲမြို့တွင် ဂိုထောင်ဆောက်ရန် မြေကျင်းတူးရာက စနစ်တံမပါ ဘဲဟောင်း နွမ်းဆွေးမြေ့သည့်ဗုံးသီး တစ်လုံးတွေ့ရှိခဲ့ပြီး ရှော့တိုက်ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း စက်တင်ဘာ ၂၃ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။

စက်တင်ဘာ၂၂ ရက်မွန်းလွဲ ၁၂ ခွဲအချိန်ခန့်တွင်ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲမြို့၊ ရပ်ကွက်(၇) ၏အိမ်အမှတ်(၇/၈၀) ဒေါ်သောင်းစိန် ၏ နေအိမ်တွင် ဗုံးသီးအဟောင်း(၁)လုံး တွေ့ရှိကြောင်းသတင်းအရ ဗိုလ်ကြီးသော်ဇင်အောင်နှင့်အမှတ် ၁ နယ်မြေရဲစခန်းမှူးဒုရဲမှူးရဲမြင့်အောင်ပါ အဖွဲ့ဝင်များကသွားရောက်စစ်ဆေးခဲ့သည်။

စုံစမ်းချက်အရ ဒေါ်သောင်းစိန်၏ ၏မြေးတော်စပ်သူ ကိုငြိမ်းထက်သူက နေအိမ်ခြံဝန်းအတွင်းဂိုဒေါင်ဆောက်လုပ်ရန်အတွက်မြေကျင်းတူးစဉ် ဗုံးသီး(၁)လုံးတွေ့ရှိခဲ့သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှတဆင့် သက်ဆိုင်ရာသို့အကြောင်းကြားခဲ့သည်။

အဆိုပါ ဗုံးသီးကို (၉၁၂) တပ်ခွဲ(၂) မှဗိုလ်ကြီးဇင်မင်းထွဋ် နှင့်အဖွဲ့က စစ်ဆေးရာ ဆွေးမြေ့ ဟောင်းနွမ်း၍ ပင်ဖြုတ်ထားကာ မြေများကပ် နေသော ၆၀ မမ ဗုံးသီးဖြစ်ကြောင်း သိရှိရပြီးပေါက်ကွဲနိုင်သည်ဟုယူဆရသဖြင့်မွန်းလွဲ၁နာရီ၂၀မိနစ်အချိန်တွင်အဆိုပါဗုံးသီးကို ခရိုင်ရဲတပ်ဖွဲ့မှူး ရုံးဝင်း လူပျိုဆောင်အနီး ညောင်ပင်အောက်တွင် ရှော့တိုက်ဖောက်ခွဲခဲ့ကြောင်းသိရသည်။