ကာရာအိုကေဆိုင် မန်နေဂျာနှင့်ဝန်ထမ်းအမျိုးသမီး ၆ ဦးကို ထောင်ဒဏ် ၁နှစ်ခွဲစီချမှတ်

ကာရာအိုကေဆိုင် မန်နေဂျာနှင့်ဝန်ထမ်းအမျိုးသမီး ၆ ဦးကို ထောင်ဒဏ် ၁နှစ်ခွဲစီချမှတ်

ကောလင်းမြို့တွင် ကိုဗစ် ၁၉ ကာလအတွင်းကာရာအိုကေဆိုင်မန်နေဂျာနှင့်ဆိုင်၀န်ထမ်းအမျိုးသမီးပါ ၆ ဦးတို့ကိုသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ ထောင်ဒဏ် ၁ နှစ်ခွဲစီချမှတ်ခဲ့ကြောင်းကောလင်းမြို့ နယ်တရားရုံးက စက်တင်ဘာ ၂၃ ရက်နေ့ကသိရသည်။

စက်တင်ဘာ၃ရက်နေ့ မနက် ၁နာရီခွဲအချိန်မှာ မြို့ကုန်းမြို့မရပ်ရှိ " ရွှေအိမ်မက် "စားသောက်ဆိုင်နှင့် ကာရာအိုကေဆိုင်ကို သက်ဆိုင်ရာပူး ပေါင်းအဖွဲ့က ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ပြီး ကိုဗစ် ၁၉ ကာလ အမိန့်ညွှန်ကြားချက်ကိုလိုက်နာမှုမရှိပဲပျက်ကွက်ခဲ့ကြောင်းစစ်ဆေးတွေ့ရသဖြင့် ဆိုင်မန်နေဂျာအမျိုးသား တစ်ဦးနှင့် ဆိုင်၀န်ထမ်း အမျိုးသမီး ၅ ဦး တို့ကို သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ ကောလင်းမြို့မရဲစခန်းမှာအမှုဖွင့်အရေးယူခဲ့သည်။

စက်တင်ဘာ၁၈ရက်နေ့တွင် ရဲတပ်ဖွဲ့က မြို့နယ်တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့ရာ မြို့နယ်တရားရုံးက ရာကြီးပုဒ်မအမှတ်၃၇၉ /၂၀၂၀ ဖြင့်အမှုကို လက်ခံစစ်ဆေးခဲ့ပြီး ၎င်းတို့ ၆ ဦးကို ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ ထောင်ဒဏ်တစ်နှစ်ခွဲစီ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။