ဖုန်းပျောက်သည့်ကိစ္စ ကိုရင်တစ်ပါးကို မသင်္ကာ၍ ဘုန်းကြီး(၃)ပါးကရိုက်စစ်ရာမှ  ကိုရင် ပျံလွန်တော်မူ

ဖုန်းပျောက်သည့်ကိစ္စ ကိုရင်တစ်ပါးကို မသင်္ကာ၍ ဘုန်းကြီး(၃)ပါးကရိုက်စစ်ရာမှ  ကိုရင် ပျံလွန်တော်မူ

ပင်လည်ဘူးမြို့နယ်တွင် ဖုန်းပျောက်သည်ကိစ္စ ကိုရင်တစ်ပါးကို မသင်္ကာသဖြင့် ဘုန်းကြီး(၃)ပါးကရိုက်စစ်မေးရာမှ ကိုယ်ရင် ပျံလွန်တော်မှုကို ဖမ်းဆီးအရေးယူ ထားကြောင်း ရဲတပ်ဖွဲ့က စက်တင်ဘာ ၂၄ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။

စက်တင်ဘာ ၂၃ ရက်နေ့ ည ၁၁နာရီ ၄၀ မိနစ် ခန့်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်ပင်းကြိုင်ကျေးရွာတောင်ကျောင်းဘုန်းကြီးကျောင်းနေ ကိုယ်ရင်တစ်ပါး ဒဏ်ရာများဖြင့် ပင်လည်ဘူးမြို့နယ် ဆေးရုံသို့ ရောက်ရှိလာကြောင်းသတင်းအရ ပင်လည်ဘူးမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

ဒဏ်ရာရရှိသူမှာ ကိုရင် ရှင်ရာဇိန္ဒ(ခ) သစ်ဆန်း ဖြစ်ပြီး ဦးခေါင်းနှောက်စေ့ (၁)စေ့ စုတ်ပြဲဒဏ်ရာ၊ ယာဘက်မျက်လုံး ညိုမဲဒဏ်ရာ၊ ကျောပြင်ညိုမဲဒဏ်ရာ၊ ဝဲ/ယာ လက်နှစ်ဖက်ညိုမဲဒဏ်ရာ၊ ယာဘက်ရင်ညွှန့် ညိုမဲဒဏ်ရာ၊ နှာခေါင်းသွေးထွက် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း တွေ့ရှိရသည်။

ဖြစ်စဉ်မှာ ည ၇ နာရီခွဲအချိန်တွင် ကျောင်းဝင်း အတွင်း ဖုန်းပျောက်သည့်ကိစ္စဖြင့် ကိုရင် ရှင်ရာဇိန္ဒ(ခ)သစ်ဆန်းအား မသင်္ကာသဖြင့် တက္ကသီလဓမ္မစရိယ(BA/MA )ဘွဲ့ရ ဥူးတေဇနိယ(ခ)မောင်ပြုံး ၄၀ နှစ်၊ဥူးသီရိနန္ဒ(ခ)ဇော်ဝင်းနိုင် ၃၅ နှစ် နှင့် ဥူးတေဇိန္ဒ(ခ) နေမျိုးမောင်တို့က မီးပလပ်ကြိုး၊ ဝါးခြမ်းပြားများဖြင့် ရိုက်နှက်စစ်ဆေးရာ ဒဏ်ရာများရရှိခဲ့ပြီး မသက်သာသဖြင့် ည ၁၁ နာရီ တွင်ဆေးရုံသို့တင်ပို့စဉ် သေဆုံးခဲ့ကြောင်း သိရသည်။

ကိုရင်ကိုရိုက်နှက်ခဲ့သည့် ပြစ်မှုကျူးလွန်ခဲ့သူ ဦးဇင်း(၃)ပါးကို ယနေ့ စက်တင်ဘာ ၂၄ ရက်နေ့ နံနက် ၇ နာရီခန့်အချိန်တွင် သိက္ခာချလူဝတ်လဲစေပြီးပင်လည်ဘူးမြို့မ ရဲစခန်းတွင် (ပ) ၉၃/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ ဖြင့်အမှုဖွင့်ဖမ်းဆီးအရေးယူထားသည်။