ဂျာမနီရှိ ဝက်ခြံတစ်ခြံ၌ အာဖရိကဝက်အပြင်းဖျားရောဂါဖြစ်ပွားမှုကြောင့် ဂျာမနီထံမှ ဝက်သားတင်သွင်းမှုကို ပိတ်ပင်ထားရာ အကျိုးဆက်ဖြစ် တရုတ်နိုင်ငံ၌ ဝက်နံရိုးဈေး မြင့်တက်လာခဲ့သည်။
တရုတ်နိုင်ငံ၌ ဝက်နံရိုးဟင်းလျာသည် ရောင်းအကောင်းဆုံး ဟင်းတစ်မျိုးဖြစ်ပြီး ဝက်နံရိုးရောင်းချသည့် စားသောက်ဆိုင်များသည် ဒေသထွက်ဝက်နံရိုးများထက် ပြည်ပမှတင်သွင်းသည့် ဝက်နံရိုးက ဈေး ၁၀ ဆခန့် ပိုမိုနည်းပါးသဖြင့် သွင်းကုန်ကိုသာ အားကိုးနေရသည်။
ဂျာမနီသည် တရုတ်သို့ ဝက်နံရိုးအများဆုံးတင်ပို့နေသည့် နိုင်ငံဖြစ်သည်။
ဂျာမနီ ဝက်သားတင်ပို့ကုန်အားလုံးကို တရုတ်အစိုးရက ပိတ်ပင်လိုက်ပြီးနောက် အအေးခံဝက်နံရိုးဈေးအဆမတန်မြင့်တက်ခဲ့ရာ ပြန်လည်ရရှိလာသည့် ဖောက်သည်များ လာရောက်ခြင်းမရှိတော့သဖြင့် စားသောက်ဆိုင်များ ဝင်ငွေထိခိုက်ခဲ့ရသည်။
တရုတ်၌လည်း ယခုနှစ်အစောပိုင်းတွင် အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် ဝက်သားထုတ်လုပ်မှုကျဆင်းခဲ့သည်။ ကမ္ဘာပေါ်ရှိ ဝက်သားထုတ်ကုန် ထက်ဝက်ခန့်ကို ထုတ်လုပ်ပေးနေသည့် တရုတ်နိုင်ငံသည် ယခုနှစ်ပထမနှစ်လအတွင်း ပြည်ပမှတင်သွင်းသည့် ဝက်သားပမာဏကို ၁၃၄ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့ရသည်။
ဝယ်လိုအားများလွန်းသဖြင့် ဝက်နံရိုးတန်ဖိုးသည် ယမန်နှစ်ရှိ ဈေးနှုန်းနှင့်နှိုင်းယှဉ်လျှင် ယခုနှစ် မေတွင် ဝက်နံရိုး တစ်ကီလိုဂရမ်တွင် ၁၁ ယွမ် ( ၁ ဒသမ ၆၂ ဒေါ်လာ) ရှိခဲ့ကြောင်း အင်းနားမွန်ဂိုလီးယားရှိ စားသောက်ဆိုင်မန်နေဂျာတစ်ဦးကပြောဆိုခဲ့သည်။
ယခုအပတ်တွင် ဈေးနှုန်းသည် တစ်ကီလိုဂရမ်တွင် ၁၄ ယွမ်အထိမြင့်တက်ခဲ့ပြီး လာမည့်အပတ်တွင် ၁၆ ယွမ်အထိ မြင့်တက်လာနိုင်ကြောင်း မန်နေဂျာကပြောဆိုခဲ့သည်။
ပြည်ပမှတင်သွင်းသော ဝက်နံရိုးများကို စားသောက်ဆိုင်များနှင့် ကန်တင်းများက အသုံးပြုကြပြီး ဈေးဝယ်စင်တာများသို့လာရောက်သူများကမူ ပြည်တွင်းဖြစ်ဝက်သားကို ပိုမိုဝယ်ယူကြသည်။
မေလတွင် ဂျာမနီသည် တရုတ်သို့ ဝက်နံရိုး တန် ၂၀၀၀၀ ခန့်တင်ပို့ခဲ့သည်။ လွန်ခဲ့သောအပတ်တွင် ဝက်နံရိုးတန်ဖိုးသည် တစ်ကီလိုဂရမ်လျှင် ၃၈ ယွမ်မှ ၄၄ ယွမ်အထိမြင့်တက်ခဲ့သည်။

















