မြဝတီမြို့အဝင် စုပေါင်းဂိတ်၌ COVID-19 ထိန်းချုပ်ရေးအတွက် လုံခြုံရေးတင်းကျပ်စွာဆောင်ရွက်နေ

မြဝတီမြို့အဝင် စုပေါင်းဂိတ်၌ COVID-19 ထိန်းချုပ်ရေးအတွက် လုံခြုံရေးတင်းကျပ်စွာဆောင်ရွက်နေ

မြဝတီမြို့အဝင် သဃင်္န်းညီနောင်အဖွဲ့စုံစစ်ဆေးရေးဂိတ်၌ COVID-19 ကူးစက်ရောဂါထိန်းချုပ်မှုအတွက်လုံခြုံရေးလုပ်ငန်းများကို တင်းကျပ်စွာဆောင်ရွက်နေကြောင်း သိရသည်။

ခရီးသည်တင် Expressယာဉ်လိုင်းများသွားလာမှုကို ပိတ်လိုက်ပြီဖြစ်ပြီး ယာဉ်ငယ်လေးဖြင့်လာရောက်သည့် ခရီးသည်များအနေနှင့်လည်းသက်ဆိုင်ရာမြို့နယ်ရပ်ကွက်ထောက်ခံစာများပါရှိမှသာ မြဝတီမြို့တွင်းသို့ဝင်ခွင့်ပြုမည်ဖြစ်ကာ ခရီးသွားထောက်ခံစာများမပါရှိပါက မြို့တွင်းသို့(လုံးဝ)ဝင်ခွင့်ပြုမည်မဟုတ်ဘဲ နောက်ကြောင်းပြန်လှည့်ရမည်ဖြစ်ကြောင်း သိရသည်။

''မြဝတီမြို့ကိုဝင်လာမယ့် မည်သည့်ကားမဆို သက်ဆိုင်ရာမြို့နယ်/ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရဲ့ထောက်ခံချက်ပါမှသာ မြဝတီမြို့တွင်းဝင်ခွင့်ပြုမှာဖြစ်ပါတယ်။ အလားတူပဲ ကုန်တင်ယာဉ်ကြီးများအနေနဲ့လည်း မိမိတို့ယာဉ်မှာ ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက် နှစ်ဦးသာလိုက်ပါရမှာဖြစ်ပြီးမိမိတို့ကုန်တွေအတွက် ဘယ်ကနေဘယ်ကို ပို့ဆောင်မှာဖြစ်ကြောင်းထောက်ခံချက်ပါရှိရမှာဖြစ်ပါတယ်။ထောက်ခံချက်တွေမပါရင်တော့ နောက်ကြောင်းပြန်လှည့်ရမှာပေါ့''ဟု မြဝတီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုက ပြောသည်။

အလားတူပင် ည ၉ နာရီမှ နံနက် ၅ နာရီအထိ တာဝန်မှအပ မည်သည့်ယာဉ်မှ မြဝတီမြို့တွင်းဝင်ခွင့်ပြုတော့မည်မဟုတ်ကြောင်းလည်း သိရသည်။

အဆိုပါအဖွဲ့စုံဂိတ်တွင် မြဝတီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများမှလည်း ကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး