"Crash Landing On You" ဇာတ်ကားနဲ့ ပရိသတ်တွေရဲ့အချစ်ကိုပြန်လည်သိမ်းပိုက်သွားတဲ့ မင်းသမီး Son Ye-Jin ကတော့ ကိုဗစ်ကာလကို ဘယ်လိုပုံစံမျိုးနဲ့ဖြတ်သန်းနေလဲဆိုတာ ပြောပြခဲ့ပါတယ်။
ဒီလိုကပ်ရောဂါဆိုး ကြီးနဲ့ တစ်ကမ္ဘာလုံးရင်ဆိုင်နေရချိန်မှာ အနုပညာရှင်တွေလည်း ရိုက်ကူးရေးတွေအားလုံးရပ်နားထားရတဲ့ အတွက် အချိန်ပိုတွေအများကြီးထွက်လာခဲ့ပါတယ်။
အားလပ်ချိန်တွေများနေတဲ့ကိုဗစ်ကာလမှာ လက်ကိုင်ဖုန်း က သူမကို အကူအညီအများကြီးဖြစ်စေတယ်လို့ Son Ye-Jin က ပြောပါတယ်။
တစ်ခါတလေကျရင်တော့ သူမအတွက် TV နဲ့ ဆိုဖာတစ်ခုပဲလိုပြီး Netflix ကြည့်ဖြစ်တယ်လို့ ဆိုပါတယ်။
သူမဟာ "Crash Landing On You" ဇာတ်ကားအပြီးမှာ ကြော်ငြာရိုက်ကူးမှုတွေဆက်တိုက်လုပ်ဖြစ်နေပြီး မကြာသေးခင်ကပဲ GigaLife app အတွက် ကြော်ငြာရိုက်ကူးပေးခဲ့တယ်လို့သိရပါတယ်။
















