ကိုရိုနာဗိုင်းရပ်စ်အကြောင်းရိုက်ကူးထားတဲ့ တရုတ်ဇာတ်လမ်းတွဲ ကြည့်ရှုနှုန်းမြင့်တက်နေ

ကိုရိုနာဗိုင်းရပ်စ်အကြောင်းရိုက်ကူးထားတဲ့ တရုတ်ဇာတ်လမ်းတွဲ ကြည့်ရှုနှုန်းမြင့်တက်နေ

တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေစတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပင်ပန်းစွာရုန်းကန်ခဲ့ရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ ပြည်သူတွေကိုဂုဏ်ပြုတဲ့အနေနဲ့ ရိုက်ကူးထားတဲ့ "Heroes in Harm's Way" ဆိုတဲ့ တရုတ်ရုပ်သံဇာတ်လမ်းတွဲကို CCTV ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသနေပြီဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲမှာ အပိုင်း ၁၄ ပိုင်း ပါဝင်မှာဖြစ်ပြီး You Tube ကနေကြည့်ရှုချင်တယ်ဆိုရင်လည်း China Zone ဆိုတဲ့ channel ကနေ အင်္ဂလိပ်စာတန်းထိုးနဲ့ကြည့်ရှုလို့ရမယ်လို့သိရပါတယ်။

သရုပ်ဆောင်တွေအနေနဲ့ Xiao Zha, Yang Zhigang, Yu Yi, Chen Su, Niu Ju Feng, Ray Ma, Dong Li, Xie Xing Yang နဲ့ တခြား နာမည်ကြီးသရုပ်ဆောင်တွေများစွာ ပါဝင်ထားပါတယ်။

တရုတ်နိုင်ငံမှာ လက်တွေ့ရင်ဆိုင်ခဲ့ရပုံတွေနဲ့နီးစပ် အောင် အတတ်နိုင်ဆုံးရိုက်ကူးထားတဲ့ "Heroes in Harm's Way" ဇာတ်လမ်းတွဲဟာ လက်ရှိမှာတော့ ကြည့်ရှုနှုန်းကောင်းနေတယ်လို့ သိရပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး