၁၁ နှစ်အရွယ် မိန်းခလေးငယ်ကို  ပထွေးက  သားမယားပြုကျင့်

၁၁ နှစ်အရွယ် မိန်းခလေးငယ်ကို  ပထွေးက  သားမယားပြုကျင့်

လှိုင်သာယာ (အရှေ့)မြို့နယ်တွင် ကိုဗစ်ကာလ မိခင်ဖြစ်သူက စက်ရုံအဆောင်တွင် နေထိုင်အလုပ်လုပ်နေစဉ် ကျန်ရစ်ခဲ့သည့် ၁၁နှစ်အရွယ်မိန်းခလေးငယ်ကို ပထွေးက သားမယားအဖြစ်ပြုကျင့်ခဲ့သည်ဆိုမှုကိုဖမ်းဆီးအရေးယူထားကြောင်း စက်တင်ဘာ ၂၅ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။

လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန်ရှိ အရက်ချက်စက်ရုံတစ်ရုံတွင် COVID19 ရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် မိခင်ဖြစ်သူက စက်ရုံအဆောင်တွင်နေထိုင်ပြီးအလုပ်လုပ်ကိုင်ခဲ့သည်။

ထိုသို့နေထိုင်လုပ်ကိုင်စဉ် ၄င်းပထမအိမ်ထောင်နှင့်ရရှိသည့် အသက် ၁၁ နှစ်အရွယ်သမီးဖြစ်သူမှာ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊၃ရပ်ကွက်ရှိအဆောင်တွင် ပထွေးဖြစ်သူ သက်လွင်(၄၀) နှစ်နှင့်အတူ နေထိုင်ကျန်ရစ်ခဲ့သည်။ စက်တင်ဘာ ၂၂ ရက်နေ့ညတွင် ၎င်းတို့ငှားရမ်းနေထိုင်သည့် အဆောင်မှအဆောင်မှူးက သမီးငယ်ကို ပထွေး သက်လွင်က သားမယားကျင့်ခဲ့ကြောင်းဖုန်းဖြင့်ဆက်သွယ်ပြောကြားခဲ့သည်။

အဆောင်သို့ပြန်၍ သမီးဖြစ်သူကိုမေးမြန်းရာ ပထွေး သက်လွင်က အိပ်ယာအတွင်း သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း ပြောပြသဖြင့် အရေးယူပေး ပါရန်တိုင်ကြားခဲ့သည်။(၁၁)နှစ်အရွယ် သမီးငယ်အား သားမယားပြုကျင့်ခဲ့သူ သက်လွင်(၄၀) နှစ်ကို လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်းက(ပ)၄၅၀၀/၂၀၂၀ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့်အမှုဖွင့် ရမန်ယူစစ်ဆေးလျက်ရှိသည်။