ကိုဗစ်ကာလအတွင်း ကျောင်းပြင်ပသို့မထွက်ရန်  စည်းကမ်းတင်းကြပ်သည့်ဆရာတော်ကို ကပ္ပိယက ဓားဖြင့်ခုတ်သတ်

ကိုဗစ်ကာလအတွင်း ကျောင်းပြင်ပသို့မထွက်ရန်  စည်းကမ်းတင်းကြပ်သည့်ဆရာတော်ကို ကပ္ပိယက ဓားဖြင့်ခုတ်သတ်

ကိုဗစ် ၁၉ ဖြစ်ပွားစဉ်ကာလအတွင်း ကျောင်းပြင်ပသို့ မထွက်ရန် စည်းကမ်းတင်းကြပ်သည့် ဆရာတော်ကို ကပ္ပိယက ဓားဖြင့်ခုတ်သတ်ခဲ့မှုကို ဖမ်းဆီးစဉ် ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း စက်တင်ဘာ ၂၅ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။

စက်တင်ဘာ ၂၄ ရက်၊ ည ၉ နာရီတွင် လှည်းကူးမြို့နယ်၊ မအူကျေး ရွာရှိအောင်ဓမ္မရိပ်သာဘုန်းကြီးကျောင်းတွင် ဆရာတော်တစ်ပါး အသတ်ခံရ ကြောင်းသတင်းအရ ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးခဲ့သည်။

အဆိုပါကျောင်းအတွင်းသက်တော်(၅၃)နှစ်၊ ဝါတော်(၃၃) ဝါရှိ ဆရာတော် ဦးခေါင်း/ဝဲနားအုံပြတ်ရှ ဒဏ်ရာများရရှိသေဆုံးနေသည်ကိုတွေ့ရသည်။စုံစမ်းချက်အရ ပြစ်မှုကျူးလွန်သူမှာ မြောက်ဦးမြို့နယ်၊အောင်မင်္ဂလာ ရပ်ကွက်နေ မောင်မောင်လှ (၃၇)နှစ်ဆိုသူဖြစ်ပြီး အဆိုပါ ကျောင်းတွင် လွန်ခဲ့သည့် ၂ လခန့်ကစ၍ ကပ္ပိယအဖြစ် လုပ်ကိုင် နေထိုင်နေသူဖြစ်ကြောင်းသိရသည်။

ပြစ်မှုကျူးလွန်သူ မောင်မောင်လှက ဓားကိုင်လျှက် ရဲတပ်ဖွဲ့ဝင်များ၏ဖျောင်းဖျမှုကိုငြင်းဆန်နေသောကြောင့် သေနတ်ဖြင့်ပစ်ခတ်၍ ဖမ်းဆီးခဲ့ရသည်။သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ သောကြောင့် မောင်မောင်လှတွင် ပေါင်၌ထိမှန်ဒဏ်ရာရရှိခဲ့သည်။၎င်းကို စစ်ဆေးချက်အရ ဆရာတော်က အပြင်မထွက် ရန်စည်းကမ်းတင်းကြပ်လွန်းသဖြင့် စကားများရာက ဓားဖြင့်ခုတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ပြစ်မှုကျူးလွန်သူ မောင်မောင်လှကို လှည်းကူးမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့် ဖမ်းဆီးအရေးယူထားသည်။