ကိုဗစ် ၁၉ ထိန်းချုပ်ကာလအတွင်း အောင်ပန်းမြို့တွင် ပြည့်တန်ဆာ လုပ်ကိုင်နေသူ ၈ ဦးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း စက်တင်ဘာ ၂၅ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
စက်တင်ဘာလ ၂၄ ရက်၊ ညနေပိုင်းတွင် ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ညောင်ပင် ထောင်ရပ်ကွက်၊ နယ်မြေ(၁) အောင်ပန်း-ကလောသွား၊ ပြည်ထောင်စုကားလမ်းမဘေးရှိ အဆောက်အဦးတစ်ခုတွင် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင် နေကြောင်းသတင်းအရရှမ်းပြည်နယ်ရဲတပ်ဖွဲ့၊ မှုခင်းအကူဌာနစိတ်မှ ရဲတပ်ဖွဲ့ဝင်များပါဝင်သည့်ပူးပေါင်းအဖွဲ့က ရှောင်တခင်ဝင်ရောက် ဖမ်းဆီးခဲ့သည်။
အဆောက်အဦးတွင်း အခန်း ၈ ခန်းဖြင့် ပြည်တန့်ဆာလုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီး ၆ ဦးနှင့် အမျိုးသား ၂ ဦးတို့ကို တွေ့ရှိရပြီး ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်ရာတွင်အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူများကို အောင်ပန်းနယ်မြေရဲစခန်းမှ (ပ)၁၆၀/၂၀၂၀၊ ပြည့်တန်ဆာနှိပ် ကွပ်ရေး အက်ဥပဒေ ပုဒ်မ ၃(က)/၅(၁) ဖြင့်အမှုဖွင့်အရေးယူထားသည်။

















