ဝေါမြို့နယ်တွင် လှေဦးစီးအဖြစ်ဌားရမ်းထား သူက အသက် ၁၄ နှစ်သမီးကိုဖျားယောင်းသွေးဆောင်ကာသားမယားပြုကျင့်ခဲ့ဆိုသူကို အမှုဖွင့်အရေးယူ ထားကြောင်း စက်တင်ဘာ ၂၅ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
စက်တင်ဘာ၂၀ရက်ညနေ၅နာရီအချိန်ခန့်တွင်၊ဝေါမြို့နယ်၊ညောင်ခါးရှည် နေ အသက် (၄၀) အရွယ်အမျိုးသမီးသည်ကျိုက်ထိုမြို့နယ်၊ဇုပ်ကလိကျေးရွာနေ ရဲလင်း(၁၉)နှစ်ကို လှေဦးစီးအဖြစ်လုပ်ကိုင်ရန်အတွက်ငှားရမ်းခဲ့သည်။
၎င်းကိုနေအိမ်တွင်စားသောက်စေပြီးကျေးရွာအနီးရှိစစ်တောင်မြစ်ကမ်းတွင်ကြိုးချည်ရပ်နားထားသည့်လှေပေါ်တွင်ညအိပ်စေခဲ့သည်။စက်တင်ဘာ၂၃ ရက် နံနက် ၅ နာရီ အချိန်ခန့်တွင် နေအိမ်တွင်ညအိပ်နေ သည့် အသက် ၁၄ နှစ် အရွယ်သမီးမှာပျောက်ဆုံးနေပြီးလှေဦးစီးအဖြစ်ငှားရမ်းထားသူရဲလင်းမှာလည်းပျောက်ဆုံးနေသည်ကိုတွေ့ရသဖြင့် အနီးပတ်ဝန်းကျင်ကျေးရွာများသို့လိုက်လံစုံစမ်းရှာဖွေခဲ့သည်။
ထိုသို့စုံစမ်းနေစဉ် စက်တင်ဘာ၂၃ရက်မွန်းလွဲ၂နာရီအချိန်ဝေါမြို့နယ်၊ဖိုးစပယ်ကျေးရွာမှ ရဲလင်း၏အဖွားတော်စပ်သူဒေါ်ထွေး၏ နေအိမ်တွင်ရဲလင်းနှင့် သမီးဖြစ်သူတို့ရောက်ရှိနေကြောင်း သတင်းအရ သွားရောက် ရှာဖွေခဲ့သည်။
သမီးဖြစ်သူကို ကျေးရွာလူကြီးများ ရှေ့တွင်မေးမြန်းရာရဲလင်းနှင့် ၎င်းတို့သည် စက်တင်ဘာ ၂၁ ရက်နံနက်ပိုင်းတွင်နေအိမ်၌တွေ့ဆုံချစ်ကြိုက်ခဲ့ကြပြီး စက်တင်ဘာ ၂၁ နှင့် ၂၂ ရက်နေ့များတွင် နေအိမ်တွင် အတူအိပ်စက်ပေါင်းသင်းခဲ့ကြပြီးနောက် စက်တင်ဘာ၂၃ရက်နေ့တွင် ရဲလင်းမှလင်မယားအဖြစ်အတူပေါင်းသင်းနေထိုင်လုပ်ကိုင်ကျွေးမည်ဟုပြောဆိုပြီးခေါ်ယူသဖြင့်လိုက်ပါသွားခဲ့ကြောင်းထွက်ဆိုခဲ့သည်။
ထိုသို့နေထိုင်စဉ်ကာလအတွင်း ရဲလင်းကလင်မယားအရာဖြင့်နေထိုင်ခဲ့ကြောင်းပြောပြသိရှိသဖြင့် မိဘအုပ်ထိမ်းမှုမကင်းသေးသည့်သမီးကိုသွေးဆောင်ဖျားယောင်းကာ သားမယားဆက်ဆံသူကို အရေးယူပေးရန် စက်တင်ဘာ၂၄ရက်နံနက်၁၀နာရီ၁၅မိနစ်အချိန်တွင်တိုင်ကြားခဲ့သည်။
ရဲလင်းကို ညောင်ခါးရှည်နယ်မြေရဲစခန်းတွင်(ပ)၇၂/၂၀၂၀ရာဇသတ်ကြီးပဒေပုဒ်မ ၃၆၃/၃၇၆ ဖြင့်အမှုဖွင့်အရေးယူထားသည်။

















