မူးယစ်ဆေးဝါးဝင်ရောက်ရှာဖွေရာက လက်နက်အစိတ်အပိုင်းများနှင့် ဓားထောက်လုယက်မှုဖော်ထုတ်သိမ်းဆည်း

မူးယစ်ဆေးဝါးဝင်ရောက်ရှာဖွေရာက လက်နက်အစိတ်အပိုင်းများနှင့် ဓားထောက်လုယက်မှုဖော်ထုတ်သိမ်းဆည်း

ပျဉ်းမနားမြို့တွင် မူးယစ်ဆေးဝါးဝင်ရောက်ရှာဖွေရာက ဓားထောက်လုယက်မှုနှင့် လက်နက် အစိတ်အပိုင်းများ သိမ်းဆည်း ဖော်ထုတ်ခဲ့ကြောင်း စက်တင်ဘာ ၂၆ ရက်နေ့တွင် ရဲတပ်ဖွဲ့မှ သိရသည်။

စက်တင်ဘာ၂၅ရက်နံနက်၇နာရီခွဲအချိန်တွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့၊ဘောဂဝတီရပ်ကွက်၊နယ်မြေ(၄)နေဝေယံ(ခ)ရဲမင်းကို၏နေအိမ်ကိုမူးယစ်ဆေးဝါး သတင်းအရ ၊နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံး မှုခင်း အကူဌာနမှ ရဲအုပ်နိုင်လင်းဦးနှင့်၊ရွာကောက်နယ်မြေရဲစခန်းမှဒုရဲအုပ်အောင်ကိုကိုဝင်းနှင့်အဖွဲ့က ၀င်ရောက် ရှာဖွေခဲ့သည်။

အဆိုပါနေအိမ်အတွင်း၌၊ရွာကောက် ရပ်ကွက်ဝေယံ(ခ) ရဲမင်းကို (၂၉)နှစ်၊အောင်ပြည့်စုံ၊(၂၂)နှစ်နှင့် ပျဉ်းမနားမြို့ ပြည့်ဖြိုးပိုင်၊(၂၁)နှစ် နေသူ(၃)ဦးတို့.ကိုတွေ့ရှိရပြီးနေအိမ်အတွင်းရှာဖွေရာThunTacks စာတမ်းပါလေးထောင့်ပလပ်စတစ် အကြည်ဘူးအတွင်းရှိချိုချဉ်အိတ်(၄)အိတ်အတွင်းထည့်ထားသော wy စာတမ်းပါလိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား(၃၂)ပြား ၊ မြန်မာငွေ ၅၀၀၀ ကျပ်တန်တစ်ရွက်၊မူးယစ်ဆေးဝါး သုံးစွဲရာတွင်အသုံးပြုသည်ဟုယူဆရသောပလပ်စတစ်အကြည်ဖြင့်ထည့်ထားသောပလပ်စတစ်ပိုက်ရောင်စုံ(၇၅)ချောင်း၊မူးယစ်ဆေးဝါးသုံး စွဲရာတွင်အသုံးပြုသည်ဟုယူဆရသောငွေရောင်ခဲစက္ကူအပိုင်းအစ(၁၀)ခု၊ခြောက်လုံးပြူးအစိတ်အပိုင်းဟုယူဆရသောဒင်အစိတ်အပိုင်းတစ်ခု၊ကျည်ရိုက်တံဟုယူဆရသောအစိတ်အပိုင်း ၇ ခု၊မောင်းတံပြုလုပ်ရန် အတွက်အသုံးပြုသည်ဟုယူဆရသောအစိတ်အပိုင်း ၄ ခု၊ကျည်ခွံထွက် ပေါက်အဖြစ်အသုံးပြုသည်ဟုယူဆရသောအစိတ်အပိုင်း ၂ ခု၊ J009 စာတမ်း ပါကျည်ဆံတစ် တောင့် (MandanRance)စာတမ်းပါသံဘူးအတွင်းထည့်လျက်၊ကျွန်းရောင်သေနတ်ဒင်ကိုယ်ထည်တစ်ခု၊သေနတ်၏အတွင်းအစိတ် အပိုင်းတွင် ထည့်သွင်းအသုံးပြု သည်ဟုယူဆရသောအစိတ်အပိုင်း ၆ ခု၊သေနတ်ကိုယ်ထည် အစိတ်အပိုင်းအတွင်းထည့်သွင်းအသုံးပြုသည်ဟုယူဆရသော ၂၀ လက္မခန့်ရှိ စပရိန်တစ်ချောင်း၊၁၂လက္မခန့်ရှိစပရိန်တစ်ချောင်း၊၄လက္မခန့်ရှိစပရိန်တစ်ချောင်း။သေနတ်ပြောင်းအဖြစ်အသုံးပြုရန်ဟုယူဆရသောသံပိုက် ၂ ချောင်း၊Bosch စာတမ်းပါအပေါက်ဖောက်ရာတွင်အသုံးပြုသည့်ဂန်းအသေးတစ်ခုနှင့်ဂန်းအကြီးတစ်ခု၊သံဖြတ်စက် ၂ ခုနှင့်ဝရိမ်ချောင်းများ၊ဘက္ထရီအိုး၊ဝက်အူလှည့်၊လွှ၊ပလာယာတို့ကို သိမ်းဆီးရမိခဲ့သည်။

အဆိုပါပစ္စည်းများနှင့်ပတ်သက်၍စစ်မေးရာ ၎င်းတို့သည် ပျဉ်းမနားမြို့ နယ်တစ်ဝိုက်တွင်မိုက်ကြေးခွဲပိုက်ဆံတောင်းမှုများနှင့် KTV ဆိုင်တစ်ဆိုင်သိုသွားရောက်ကာ ဓားထောက်ပြီး ငွေ ၆ သိန်းကိုလုယက်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။

ရွာကောက်ရဲစခန်းက မယ(ပ)၁၁/၂၀၂၀ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးဆိုင်ရာဥပဒေ၊ လက်နက်ဥပဒေတို့ဖြင့် အမှုဖွင့်အရေးယူထားသည်။