ဆစ်ဒနီ စက်တင်ဘာ ၂၆ - တရုတ်နိုင်ငံနှင့် ဆက်ဆံရေးပိုမိုတင်းမာစေနိုင်သော ထုတ်ဖော်ပြောဆို ချက်တစ်ခုကို သြစတြေးလျဝန်ကြီးချုပ် စကော့မောရစ်ဆင်က ပြောဆိုလိုက် ပြီး ကမ္ဘာ့နိုင်ငံများအနေဖြင့် COVID-19 ၏ မူလအစကို အတိအကျသိရှိရန် မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ကုလသမဂညီလာခံတွင် စက်တင် ဘာ ၂၆ ရက်၌ ပြောကြားခဲ့သည်။
ဗိုင်းရပ်စ်စတင်ရာ ဇာစ်မြစ်ကို စုံစမ်းခြင်းသည် နောက်ထပ် ဖြစ်ပေါ် လာနိုင်သည့် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ၏ ထိခိုက်မှုနည်းနိုင်သမျှ နည်း အောင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
‘’ ဒီဗိုင်းရပ်စ်ပိုးက ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာနဲ့ လူသားတွေကို ဘေးဆိုးကြီး ကျရောက်စေခဲ့တယ်။ နောက်ထပ်တစ်ဖန် ထပ်ပြီး ဖြစ်မလာဖို့ အတွက် ကာကွယ်ဖို့ ဘယ်သူမှ ရည်ရွယ်ချက်မရှိသေးတဲ့ အရာအပေါ် နား လည်သဘောပေါက်ဖို့အတွက် ကျွန်တော်တို့ မဖြစ်မနေ လုပ်ရမယ်။ COVID-19 ဟာ တိရစ္ဆာန်ကတစ်ဆင့် ကူးစ်သောရောဂါလို့ အများက အသိ အမှတ်ပြုထားတာ ရှင်းနေပါတယ်။ လူသားကို ကူးဆက်နိုင်တယ်ဆိုတာလည်း သိတယ်’’ ဟု မောရစ်ဆင်က ဗီဒီယိုမိန့်ခွန်းမှတစ်ဆင့် ပြောကြားခဲ့ သည်။
COVID-19 ကပ်ရောဂါ၏ မူလအစအား စုံစမ်းစစ်ဆေး ရန်အတွက် သြစတြေးလျနိုင်ငံက ဦးဆောင်ပြီး တောင်းဆိုမှုခဲ့သော်လည်း တရုတ်ကမူ ခါးသီးစွာ ငြင်းဆန်ခဲ့သည်။ ပေကျင်းသံတမန်ကလည်း သြ စ တြေးလျအ နေဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လာပါက စီးပွားရေးအရ ထိခိုက်မှုရှိလာ နိုင်ကြောင်း သတိပေးခဲ့သည်။
ယင်းကဲ့သို့ တောင်းဆိုမှု ပြုလုပ်ခဲ့ပြီးနောက် တရုတ်သည် သြစတြေး လျနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့အရေးယူမှု ပြုလုပ်ခဲ့ပြီး အမဲသားတင် ပို့မှုကို ရပ်ဆိုင်းခဲ့သည်။ ထို့အပြင် သြစတြေးလျဝိုင်များ တင်ပို့မှုကိုလည်း စီမံ ချက်တစ်ခုချမှတ်ကာ ပိတ်ပင်ခဲ့သည်။ အေပီ

















