ဘီလာရုစ်တွင်ဖိနှိပ်မှုများရှိနေခြင်းအပေါ် ဒေါ်နယ်ထရမ့် အသံတိတ်နေကြောင်း ဘိုင်ဒန် ဝေဖန်

ဘီလာရုစ်တွင်ဖိနှိပ်မှုများရှိနေခြင်းအပေါ် ဒေါ်နယ်ထရမ့် အသံတိတ်နေကြောင်း ဘိုင်ဒန် ဝေဖန်

လန်ဒန် စက်တင်ဘာ ၂၆ - ဘီလာရုစ်တွင် ဒီမိုကရေစီအရေးလှုပ်ရှားသူများအပေါ် ဖိနှိပ်မှုများနှင့် ပတ်သက်ပြီး အသံတိတ်နေသည့် သမ္မတ ဒေါ်နယ်ထရမ့်အပေါ် အတိုက်အ ခံပါတီခေါင်းဆောင် ဂျိုးဘိုင်ဒန်က စက်တင်ဘာ ၂၅ ရက်တွင် ပြစ်တင်ေ၀ ဖန်လိုက်သည်။ ဘီလာရုစ်သည် အာဏာရှင်ဆန်စွာ ဆောင်ရွက်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။

သြဂုတ်လ ၉ ရက်တွင် သမ္မတ လူကာရှန်ကိုက ရွေးကောက်ပွဲ၌ သောင်ပြိုကမ်းပြို အနိုင်ရကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ဆန္ဒပြမှု များဖြစ်ပေါ်လာခဲ့သည့်အတွက် လူပေါင်း ၁၂၀၀၀ ကျော် ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရကာ ရာဂဏန်းမှာ ထောင်ချခံထားရသည်။ အတိုက်အခံများကလည်း သြဂုတ်လ ၉ ရက် ရွေးကောက်ပွဲသည် မဲလိမ်မှုများ ရှိကြောင်း ရှုတ်ချခဲ့ကြ သည်။

ရိုက်တာ၏ အီးမေးလ်ထုတ်ပြန်ချက်အရ ဆန္ဒပြသူများသည် လွတ်လပ် မှုတွက် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ပြီး ရွေးကောက်ပွဲအသစ်တစ်ခု ကျင်းပပေးရေ တောင်းဆိုခဲ့ကြောင်း ဘိုင်ဒန်က ရှုမြင်ခဲ့သည်ဟု သိရသည်။အမေရိကန် ဒုတိယသမ္မတဟောင်းတစ်ဦးဖြစ်ပြီး လွှတ်တော်ဆိုင်ရာ နိုင်ငံခြားဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သော ဘိုင်ဒန်သည် အရှေ့ ဥရောပအရေးအပေါ် ရုရှားနှင့်ပတ်သက်ပြီး အလိုမကျခဲ့သူဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားဟုခေါ်သော အတိုက်အခံခေါင်းဆောင်များကို လွှတ်ပေးရန် တောင်းဆိုခဲ့သူဖြစ်သည်။

‘’ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေအတွက် သူ့ရဲ့ ပုဂိုလ်ရေးအားပေးမှု ဒါမှမဟုတ် လူကာရှန်ကာရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး သမ္မတ ထရမ့်က စကားတစ်ခွန်းတောင် မဟသေးပါဘူး’’ ဟု ဘိုင်ဒန်က ဘီလာရုစ် နိုင်ငံရေးဝေါဟာရအသုံးအနှုန်းများဖြင့် စာလုံးပေါင်းများကိုအသုံးပြုကာ ပြောဆိုသွားခဲ့သည်။ အေပီ