ရာမက်လက် စက်တင်ဘာ ၂၆ - အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးအတွက် အပြည်ပြည်ဆိုင်ရာ ဆွေးနွေးပွဲတစ်ခု စီစဉ်ဆောင်ရွက်မှုအား ကုလသမဂအနေဖြင့် အကူ အညီပေးရန် ပါလက်စတိုင်းသမ္မတ မက်ရှ်မုဒ်အက်ဘက်စ်က စက်တင်ဘာ ၂၅ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။
၇၅နှစ်မြောက် ကုလသမဂ နှစ်ပတ်လည်အခမ်းအနားတွင် အက် ဘက်စ်က ဗီဒီယိုမိန့်ခွန်းမှတစ်ဆင့် ယခုကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအား ဖြေရှင်းရန်အတွက် ကုလသမဂ လုံခြုံရေးကောင်စီ၊ အမေရိကန်၊ ဥရောပ သမဂ၊ ရုရှားတို့ ပါဝင်သော လေးဦး အဖွဲ့ ဦးဆောင်ကာ ;ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးညီလာခံကျင်းပပေးရန် တိုက်တွန်းခဲ့သည်။
ငြိမ်းချမ်းရေးဖြစ်စဉ်များသည် နိုင်ငံတကာဥပဒေ၊ နိုင်ငံတကာတရား ဝင်ဖြစ်မှု၊ အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုများ အဆုံးသတ်ရေး တိကျသော ရည် ညွှန်းချက်များအပေါ်တွင် အခြေခံကြောင်း ၎င်းက ပြောဆိုခဲ့သည်။
ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်သည့် ညီလာခံတစ်ခုကသာလျှင် ပါလက်စတိုင်း ပြည်သူများအတွက် လွတ်လပ်မှုရရှိရန် ကူညီပေးနိုင်မည်ဖြစ် ကြောင်းနှင့် အရှေ့ဂျေရုစလင်အား ၎င်းတို့၏ မြို့တော်အဖြစ် ပြန်လည်ရရှိရန် ကူညီပေးနိုင်မည်ဖြစ်ကြောင်း အက်ဘက်စ်က ပြောဆိုခဲ့ သည်။ အေပီ

















