မိုင်းရှာပေးသော သူရဲကောင်းကြွက်ကလေးကို ရွှေတံဆိပ်ချီးမြှင့်

မိုင်းရှာပေးသော သူရဲကောင်းကြွက်ကလေးကို ရွှေတံဆိပ်ချီးမြှင့်

ဖနောင်ပင် စက်တင်ဘာ ၂၆ - လွန်ခဲ့သော ခုနစ်နှစ်အတွင်း ရဲဝံ့စွာ အသက်ကယ်ဆောင်ရွက်မှုများနှင့် တာဝန်ကျေပွန်မှုများကြောင့် ကမ္ဘောဒီးယားနိုင်ငံတွင် မာဂါဝါအမည်ရှိ ကြွက် အား စက်တင်ဘာ ၂၅ ၌ ရွှေတံဆိပ်ဖြင့် ဂုဏ်ပြုခံခဲ့သည်။

သူရဲကောင်းကြွက်ဆုတံဆိပ်ရရှိသည့် မာဂါဝါသည် အာဖရိက ကြွက် ဝမ်းပူမျိုးနွယ်ဖြစ်ပြီး လွန်ခဲ့သော ခုနစ်နှစ်အတွင်း မြေမြှုပ်မိုင်း ၃၉ ခုနှစ် မပေါက်ကွဲခဲ့သော မိုင်း ၂၈ ခု ကို ရှာဖွေပေးရင်း တာဝန်ကျေခဲ့သူဖြစ်သည်။

သူရဲကောင်းကြွက်ကလေးသည် ဘောလုံးကွင်းပေါင်း ၂၀ နှင့် ညီမျှ သော ဧရိယာအကျယ်အဝန်းကို မိနစ် ၂၀ အတွင်း မိုင်းရှင်းလင်းပေးနိုင် ကြောင်း ဆုတံဆိပ်ချီးမြှင့်သည့် အဖွဲ့အစည်း PDSA ၏ ထုတ်ပြန်ချက်အရ သိရသည်။ ယင်းအကျယ်အဝန်းအား မိုင်းရှာစက်ဖြင့် လူတစ်ဦးက ရှင်းလင်း မည်ဆိုပါက တစ်ရက်မှ လေးရက်အထိ ကြာမြင့်နိုင်ကြောင်း သိရသည်။

ကမ္ဘောဒီးယားသည် ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်းများကြောင့် ကိုလက် အင်္ဂါဆုံးရှုံးသူဦးရေ အများဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပြီး လူပေါင်း ၄၀၀၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း ရိုက်တာ၏ အချက်အလက်များအရ သိရသည်။

 

အောင်စိုးသူ(LPN) ဘာသာပြန်သည်။