မကွေးတိုင်းမှ ကျန်းမာရေးဝန်ထမ်း ၃ဝ ဦးကို ရန်ကုန်သို့ တတိယအကြိမ်စေလွှတ်

မကွေးတိုင်းမှ ကျန်းမာရေးဝန်ထမ်း ၃ဝ ဦးကို ရန်ကုန်သို့ တတိယအကြိမ်စေလွှတ်

ရန်ကုန်တိုင်းအတွင်း COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးရန်အတွက်မတွေးတိုင်းအတွင်းမှ ကျန်းမာရေးဝန်ထမ်း ၃ဝ ဦးအား စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းက တတိယအကြိမ်စေလွှတ်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှမေ့ဆေးအထူးကုဆရာဝန်(ဒုတိယနှစ်ဘွဲ့လွန်)၁ဝဦး၊ အထက်တန်းသူနာပြု၊သူနာပြု ၂ဝ ဦးအား စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စက်တင်ဘာ ၂၆ ရက်အထိ မကွေးတိုင်းဒေသကြီးမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်သို့ သွားရောက်တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းပေါင်း ၅ဝ ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၁၄ ရက်က ကျန်းမာရေးဝန်ထမ်း ၁၉ ဦးအား ပထမအကြိမ်အဖြစ် စေလွှတ်ခဲ့ခြင်းဖြစ်သည်။ ဒုတိယအကြိမ်အဖြစ် စက်တင်ဘာ ၂၂ရက်တွင် ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်လေးဦးတို့ကို ပေးပို့စေလွှတ်ခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ ၂၆ ရက်တွင်တတိယအကြိမ်အဖြစ် ကျန်းမာရေးဝန်ထမ်း ၃ဝ ဦးအား စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း မကွေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး